• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန် စီစဉ်သည့် "ရာစုနှစ်သဘောတူစာချုပ်"ကို ပါလက်စတိုင်းဆန့်ကျင်

(GMT+08:00) 2019-03-04 12:31:24

အမေရိကန်နိုင်ငံ စီစဉ်နေသည့် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆိုင်ရာ "ရာစုနှစ်သဘောတူစာချုပ်"ကို ပါလက်စတိုင်းက ဆန့်ကျင်ကြောင်း အီရတ်နိုင်ငံတွင် ခရီးလှည့်လည်နေသည့် ပါလက်စတိုင်းသမ္မတ အာဘတ်စ်က ယမန်နေ့ ၃ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အာဘတ်စ်သည် ယမန်နေ့ ၃ ရက်နေ့က အီရတ်ဝန်ကြီးချုပ် အာဘူဒူလ် မက်ဟ်ဒီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံသည် ဂျေရိုဆလင်မြို့ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းသည် အမေရိကန်နိုင်ငံက ပါလက်စတိုင်း-အစ္စရေးအငြင်းပွားမှုတွင် ကြားနေခြင်းမရှိဟု ပြသနေ ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio