• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-တောင်ကိုရီးယားတို့သည် နွေဦးရာသီ အကြီးစား ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲကို ရပ်စဲမည်ဟု ကန် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

(GMT+08:00) 2019-03-04 11:05:50

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် နွေဦးရာသီ၌ ကျင်းပရန်စီစဉ်သော အကြီးစား ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲကို ရပ်စဲမည်ဟု အမေရိကန် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနက ၂ရက်နေ့က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဖက်အနေနှင့် ကိုရီးယားကျွန်းဆွယ် အခြေအနေ တင်းမာမှုကို လျော့နည်းစေရန် ဆန္ဒရှိပြီး နိုင်ငံခြားရေးနည်းလမ်းဖြင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေး ရည်မှန်းချက်ကို ဖော်ဆောင်ရန် ထောက်ခံသည်ဟု ဖော်ပြကြောင်း ကြေညာချက်အရ သိရပါသည်။

   Webradio