• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဗဟိုမီဒီယာအုပ်စုနှင့် ကွမ်တုန်းပြည်နယ်အစိုးရတို့သည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရေး မူဘောင်သဘောတူစာချုပ် ချုပ်ဆို

(GMT+08:00) 2019-03-03 10:13:02

မတ်လ ၂ ရက်နေ့က တရုတ်ဗဟိုမီဒီယာအုပ်စုနှင့် ကွမ်တုန်းပြည်နယ် ပြည်သူ့အစိုးရ တို့သည် ပေကျင်းမြို့၌ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး မူဘောင်သဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ၊ တရုတ်ကွန်မြူနစ်ပါတီ ကွမ်တုန်းပြည်နယ်ကော် မတီအတွင်းရေးမှူး လီရှီသည် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ တရုတ်ပြန်ကြားရေး ဝန်ကြီးဌာနဒုဝန်ကြီး၊ ဗဟိုမီဒီယာအုပ်စုဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုန်နှင့် တရုတ်ကွန်မြူနစ်ပါတီ ကွမ်တုန်းပြည်နယ် ဒုအတွင်းရေးမှူး၊ ကွမ်တုန်းပြည်နယ်အုပ်ချုပ်ရေးမှူး မာရှင်ရွှေတို့သည် နှစ်ဖက်ကို ကိုယ်စား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူစာချုပ် ကို ချုပ်ဆိုကာ မိန့်ခွန်းပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

 ယင်းသဘောတူစာချုပ်အရ တရုတ်ဗဟိုမီဒီယာအုပ်စုသည် ကွမ်ကျိုးမြို့၌ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ပင်လယ်ကွေ့ဒေသကြီးဆိုင်ရာဌာနချုပ်၊ ကွမ်တုန်းပြည်နယ်ဆိုင်ရာ ဌာနချုပ်ကို တည်ထောင်ပြီး ရှင်ကျင့်မြို့၌ ပင်လယ်ကွေ့ဒေသကြီး သတင်းအယ်ဒီတာစင်တာကို တည်ထောင်မည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို တည်ထောင်ရန် ရှာကြံပြီး 5G နယူးမီဒီယာနည်းပညာ၊ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ 4K ချယ်နယ်၊ 4K /8K အစီအစဉ်နည်းပညာသုတေသနပြုရေးဘက်တွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ဗဟိုမီဒီယာအုပ်စုဥက္ကဋ္ဌရှိန့်ဟိုင်ရှုန်က မိန့်ခွန်းပြောကြားရာတွင် တရုတ်ဗဟိုမီဒီယာအုပ်စုသည် အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်၏ မီဒီယာနက်ရှိုင်းစွာ ရောနှောပေါင်းစပ်မှု တိုးမြှင့်ရေးဆိုင်ရာ အရေးကြီးပြောကြားချက်နှင့် အထွေထွေအတွင်းရေးမှူးက ဗဟိုမီဒီယာအုပ်စုလုပ်ငန်းအပေါ် အရေးကြီးညွှန်ကြားချက် အတိုင်း မီဒီယာရောနှောပေါင်းစပ်ရေးကို လျင်မြန်စွာ တိုးမြှင့်ပြီး 4K+5G+AI Intelligent omnimedia အခြေအနေကို ဖြစ်တည်ကာ နိုင်ငံတကာ အဆင့်မြင့် အမျိုးအစားသစ်ဖြစ်သော  အဓိကမီဒီယာဖြစ်ရန် ကြိုးပမ်းအားထုတ်နေကြောာင်း ပြောကြားသည်။

ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအိုပင်လယ်ကွေ့ဒေသကြီးဆိုင်ရာဌာနချုပ်နှင့် ကွမ်တုန်းပြည်နယ်ဆိုင်ရာဌာနချုပ်သည် တရုတ်ဗဟိုမီဒီယာအုပ်စု ၂၀၁၈ခုနှစ် အောက်တိုဘာလက တည်ထောင်ခဲ့သည့် ရန်စီမြစ်ဝကျွန်းပေါ်ဒေသဆိုင်ရာဌာနချုပ်နှင့် ရှန်ဟိုင်းဌာနချုပ်အပြီး နောက်တစ်ခု ဒေသဆိုင်ရာဌာနချုပ်ဖြစ်သည်။ တရုတ်ဗဟိုမီဒီယာအုပ်စုသည် ကွမ်တုန်းပြည်နယ်တွင် အခြေစိုက်ပြီး ကြီးမားတောင့်တင်း သော ဒေသတွင်း သတင်းမီဒီယာစင်တာနှင့် ယဉ်ကျေးမှုလုပ်ငန်းအခြေခံစခန်းကို ဖန်တီးမည်ဟု သိရသည်။

   Webradio