• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယွမ် ဘီလီယံ ၄ ထောင် ဖြစ်တဲ့ လုပ်ငန်းစဉ် စီမံကိန်းသစ်ကို တရုတ် စတင်၊ ဗီဒီယို မြင်ကွင်း ကြည်လင်ပြတ်သားမှု မြင့်တင်သွားမယ်

(GMT+08:00) 2019-03-02 18:23:10

ဒီနှစ် နွေဦးပွဲတော် အကြိုညမှာ တရုတ် ဗဟို မီဒီယာအုပ်စုဟာ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ 4K+5G နည်းပညာနဲ့ ပဒေသာကပွဲ အစီအစဉ်များကို အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်ပေးခဲ့တယ်။ တရုတ်လူမျိုးများက ခုချိန်ထိ အထက်ပါ ထူးကဲတဲ့ နည်းပညာကို လက်မထောင်ပြ ချီးကျူးလျက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က တရုတ် စက်မှုနဲ့ ဆက်သွယ်ရေးလုပ်ငန်း ဝန်ကြီးဌာန၊ နိုင်ငံတော် အသံလွှင့်နဲ့ ရုပ်မြင်သံကြား ဌာနချုပ်နဲ့ ဗဟို မီဒီယာအုပ်စုတို့ဟာ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဗီဒီယိုမြင်ကွင်း ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ ထုတ်လုပ်မှု ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် စီမံကိန်းကို ထုတ်ပြန် ခဲ့တယ်။ အဲဒီ လုပ်ငန်းစဉ် စီမံကိန်းအရ၊ လာမယ့် လေးနှစ်အတွင်း ရိုးရိုးသာမန် တရုတ် ပြည်သူလူထုများဟာ ဗီဒီယိုမြင်ကွင်း မြင့်မားတဲ့ ကြည်လင်ပြတ်သားမှုကို ရှုမြင် ခံစားနိုင်မယ့်အပြင်၊ တရုတ်ပြည်မှာလည်း ဇင့်ပြား၊ panel၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဒီဂျီတယ် ဝန်ဆောင်မှု အပါအဝင် တန်ဖိုး ယွမ် ဘီလီယံ ၄ ထောင်ကျော် ရှိတဲ့ ကြည်လင် ပြတ်သားမှု မြင့်မားတဲ့ ဗီဒီယိုမြင်ကွင်း လုပ်ငန်းအုပ်စုတွေ ဖြစ်တည်သွားမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာစာရင်းအရ၊ အနာဂတ်မှာ ဗီဒီယိုမြင်ကွင်းရဲ့ တေတာဟာ အင်တာနက် ကွန်ရက် စုစုပေါင်း တေတာ ပမာဏရဲ့ ၈၅ ရာခိုင်နှုန်း အထိ အချိုးအစား တိုးသွားမှာ ဖြစ်ပါတယ်။ အင်တာနက် ကွန်ရက် အသုံးပြုသူ ၈၀ ရာခိုင်နှုန်းဟာ အရည်အသွေး မြင့်မားတဲ့ ဗီဒီယို မြင်ကွင်းအတွက် ငွေပေးလိုတယ်လို့ သိရပါတယ်။ ဟွာဝေး ကုမ္ပဏီ အလှည့်ကျ ကောင်စီဝင်များ အဖွဲ့ ဥက္ကဋ္ဌ ရွှီကြည်ကျွင်းက၊ ၂၀၂၀ ပြည့်နှစ် ရောက်တဲ့အခါ တရုတ်ပြည်မှာ 4K အသုံးပြုသူ ဦးရေဟာ သန်း ၂၀၀ ကျော် ရှိမယ်လို့ ခန့်မှန်း ပြောဆိုခဲ့ဖူးတယ်။ အဲဒီ ဂဏန်းဟာ မြောက်အမေရိကနဲ့ ဥရောပ ဈေးကွက်များမှာ စုစုပေါင်း ဂဏန်းကို ကျော်လွန်မှာ ဖြစ်ပြီး တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ 4K ဗီဒီယိုမြင်ကွင်း ဈေးကွက် ဖြစ်သွားမှာ ဖြစ်ပါတယ်။

တရုတ် အစိုးရမှ ခန့်မှန်းချက်အရ၊ ၂၀၂၂ ခုနစ် တရုတ်ပြည်မှာ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ ဗီဒီယိုမြင်ကွင်းဆိုင်ရာ လုပ်ငန်း အတိုင်းအတာဟာ ယွမ် ဘီလီယံ ၄ ထောင်ကျော် ရှိမယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ် ရောက်တဲ့အခါ၊ တရုတ်နိုင်ငံဟာ အသံလွှင့်၊ ရုပ်မြင်သံကြား၊ ယဉ်ကျေးမှု၊ ပညာရေး၊ အပန်းဖြေ၊ လုံခြုံမှု ကြပ်မတ်ရေး၊ ကျန်းမာရေး၊ ဆေးဝါးကုသရေး၊ အင်တက်လက်ဂျင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု စတဲ့ နယ်ပယ်များမှာ အထက်ပါ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးသွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်မှာ အသင့်အတင့် ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝကို ဘက်စုံ တည်ထောင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်၊ စားသုံးမှု အဆင့်မြှင့်တင်ရေးဟာလည်း တရုတ်ပြည်ရဲ့ စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် တည်ရာပဲ ဖြစ်ပါတယ်။ အထက်ပါ လုပ်ငန်းစဉ် စီမံကိန်း ဖေါ်ဆောင်လာတာနဲ့အမျှ၊ အဲဒါဟာ နည်းပညာနဲ့ တရုတ်ပြည်ရဲ့ အလတ်ပိုင်းနဲ့ အဆင့်မြင့် စားသုံးမှုကို တိုးမြှင့်ရေးနဲ့ ပြည်သူလူထုများရဲ့ နေထိုင်မှုဘဝ အရည်အသွေး တိုးမြှင့်ရေးမှာ အခြေခံကျတဲ့ အခန်းမှ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အင်တာနက် ကွန်ရက်ရဲ့ သတင်း ထုတ်လွှင့်စွမ်းအားကို တိုးမြှင့်ပြီး၊ အများပြည်သူရေးရာ စနစ်များကို အထောက်အကူ ပြုသွားမှာ ဖြစ်ပါတယ်။

   Webradio