• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗင်နီဇွဲလား အရာရှိ ၆ ဦးကို အရေးယူရန် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ကြေညာ

(GMT+08:00) 2019-03-02 10:36:08

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဗင်နီဇွဲလား စစ်ဘက်နှင့် ရဲဘက်မှ အဆင့်မြင့် အရာရှိ ၆ ဦးကို အရေးယူမည်ဟု ယခုလ ၁ ရက်နေ့က ကြေညာခဲ့ကြောင်း၊ အကြောင်းရင်းမှာ ၄င်းတို့သည် ဗင်နီဇွဲလား သမ္မတ မာဒူရိုအား ထောက်ခံပြီး အမေရိကန် ဦးစီး ထောက်ပံ့သော လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးပစ္စည်းများ ဗင်နီဇွဲလားသို့ ဝင်ရောက်ရန်ကို တားဆီးခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အမေရိကန်၏ သက်ဆိုင်ရာ သတ်မှတ်ချက်အရ၊ အရေးယူ ခံရသူများ၏ အမေရိကန် ပြည်တွင်းရှိ ငွေဓနများကို ချိတ်ပိတ်မည် ဖြစ်ပြီး အမေရိကန် နိုင်ငံသားများသည် အရေးယူ ခံရသူများနှင့် ရောင်းဝယ်မှု မပြုလုပ်ရကြောင်း သိရပါသည်။

   Webradio