• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယူနန်နှင့် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်သည်ဟု အာဆီယံနိုင်ငံ သံတမန်အရာရှိများ ဆို

(GMT+08:00) 2019-03-02 09:44:19

၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံရေး၊ ကူးသန်းရောင်းဝယ်ရေး နှီးနှောဖလှယ်ပွဲ၊ ဒုတိယ အကြိမ် တရုတ်- တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် မိတ်ဆက်ပွဲကို လွန်ခဲ့သည့်လ ၂၈ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံရေး၊ ကူးသန်းရောင်းဝယ်ရေး နှီးနှောဖလှယ်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည်ဟု ကြေညာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မိတ်ဆက်ပွဲသို့ တက်ရောက်နေသော တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ နိုင်ငံများမှ သံတမန်အရာရှိများက၊ ယူနန်နှင့် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ ကုန်သွယ်ရေး သံမှူးက၊ ၂၀၁၈ ခုနှစ်တွင် မြန်မာနှင့် တရုတ် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရှိပြီး ယင်းတို့ အနက် ယူနန်နှင့် မြန်မာနိုင်ငံ ကုန်သွယ်မှု အချိုးအစား အလွန် များပါကြောင်း၊ နှီးနှောဖလှယ်ပွဲသည် အခွင့်ကောင်း တစ်ရပ် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းများကို ခင်းကျင်းပြသနိုင်မည် ဖြစ်ကာ နှစ်နိုင်ငံ စီးပွါးရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio