• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

5G ခေတ်မှာ တံခါးဖွင့်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး လိုအပ်

(GMT+08:00) 2019-02-28 17:04:57

5G ခေတ် တကယ် ရောက်နေပြီ။ အဲဒါဟာ ကမ္ဘာ့ မိုဘိုင်း ဆက်သွယ်ရေး အစည်းအဝေးမှာ လူတွေ ဆွေးနွေးတာ အများဆုံးသော အကြောင်းအရာ ဖြစ်ပြီး၊ ဒီအကြိမ် အစည်းအဝေးမှာ ကမ္ဘာကြီးအား ပို့နေတဲ့ ရှင်းလင်းပြတ်သားတဲ့ အချက်တစ်ရပ်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ မိုဘိုင်း ဆက်သွယ်ရေးစနစ် အသင်း ထိပ်တန်း အမှုဆောင် အရာရှိ ဟော်ဖ်မန်က၊ 5G ခေတ် ကျရောက်လာတာနဲ့အမျှ ဒီအကြိမ် အစည်းအဝေးဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးသော အစည်းအဝေး တစ်ကြိမ် ဖြစ်သွားမယ်လို့ ပြောဆို ခဲ့ပါတယ်။

ဒီအကြိမ် အစည်းအဝေးရဲ့ဆောင်ပုဒ်ဟာ အင်တက်လင်ဂျင့် အပြန်အလှန် ဆက်သွယ်ရေး ဖြစ်ပြီး ကမ္ဘာ့ အဓိက မိုဘိုင်း ဆက်သွယ်ရေး လုပ်ငန်းကုမ္ပဏီကြီးများဟာ အတိုင်းအတာ ကြီးမားစွာ ခင်းကျင်းပြသပြီး သူတို့ရဲ့ နောက်ဆုံးရ နည်းပညာ၊ ကုန်ပစ္စည်းနဲ့ ဒီဇိုင်းများကို ပြသထားပါတယ်။ အထူးသဖြင့် 5G နည်းပညာဟာ အခိန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးမယ်လို့ လူတွေက ခံစားမိရပါတယ်။

နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့ချုပ်ရဲ့ 5G ကွန်ရက်ဆိုင်ရာ စံချိန်စံနှုန်းကို ၂၀၂၀ ပြည့်နှစ် ကျမှ ဘက်စုံ အတည်ပြုနိုင်မှာ ဖြစ်ပေမယ့် ဒီအကြိမ် အစည်းအဝေးမှာ၊ နိုင်ငံ အသီးသီးမှ ကုမ္ပဏီများဟာ သူ့ထက်ငါဦး 5G ဖုန်းနဲ့ နည်းပညာတွေကို ပြသနေပါတယ်။ အခုလောလောဆယ် အရမ်း ဟော့နေတဲ့ ဟွာဝေး Mate X နဲ့ တောင်ကိုးရီးယား Galaxy Fold အပါအဝင် မှန်မျက်နှာပြင် ခေါက်ချိုးလို့ ရတဲ့ 5G ဖုန်း အပြင်၊ တောင်ကိုးရီးယား LG ကုမ္ပဏီကလည်း ပထမဦးဆုံးသော 5G ဖုန်း V50 ThinQ ကို ထုတ်ပြန်ထားပါတယ်။ Deloitte စာရင်းကိုင် လုပ်ငန်းဌာနမှ ခန့်မှန်းချက်အရ၊ လာမယ့် သုံးလေးငါးလ အတွင်း ကုမ္ပဏီ ၂၀ ခန့်ဟာ 5G နည်းပညာသုံး ဟန်းဖုန်းကို ထုတ်ပြန်နိုင်မယ်လို့ သိရပါတယ်။

တရုတ် ဟွာဝေး ကုမ္ပဏီရဲ့ 5G ခေါက်ချိုးဖုန်း Mate X ထုတ်ပြန် ပြီးနောက် တစ်ကမ္ဘာလုံး မီဒီယာများရဲ့ အာရုံစူးစိုက်မှု ခံရပါတယ်၊ အဲဒီဖုန်းကိုလည်း အနာဂတ်က လာတဲ့ ဟန်းဖုန်းလို့ လူတွေက မွှန်းတင် ဖေါ်ဝေါ်နေကြတယ်။ ဒါ့အပြင် ကျုံးရှင့်၊ ရှောင်မီ၊ ယီကျာ၊ OPPO စတဲ့ တရုတ် နာမည်ကြီး ကုမ္ပဏီနဲ့ ကုန်တံဆိပ်များကလည်း 5G နည်းပညာသုံး ကုန်ပစ္စည်းများကို ပြသထားပါတယ်။

5G ခေတ်မှာ ကျယ်ပြန့်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ် မှသာ သက်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ပြီး 5G နည်းပညာကို ပြည်သူပြည်သားများအတွက် တကယ်စင်စစ် ဝန်ဆောင်မှုများ ပေးနိုင်မယ်။

5G ခေတ်မှာ တရားမျှတပြီး ပွင့်ပွင့်လင်းလင်း ဖြစ်တဲ့ နိုင်ငံတကာ စည်းစနစ်နဲ့ ပတ်ဝန်းကျင်လည်း လိုအပ်ပါတယ်။ အဟန့်အတား ထားရှိခြင်းဟာ နိုင်ငံတကာ ပြည်သူလူထုများရဲ့ တူညီတဲ့ အကျိုးစီးပွါးကို ထိခိုက်မည်သာ ဖြစ်ပါတယ်။ နိုင်ငံတကာ မိုဘုန်း ဆက်သွယ်ရေး အသင်းက၊ ဟွာဝေး ကုန်ပစ္စည်း ဥရောပ ဈေးကွက်သို့ ဝင်ရောက်ဖို့ ပိတ်ပင်ခြင်းဟာ ဈေးကွက် တစ်ခုလုံးကို အနှောင့်အယှက် ဖြစ်သွားမှာ ဖြစ်ပြီး ဖုန်း အသုံးပြုသူများရဲ့ ကုန်ကျစရိတ်ကိုလည်း တိုးမြင့်စေမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်စက်မှုနဲ့ ဆက်သွယ်ရေး လုပ်ငန်း ဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ကျမ်းဖုန်းကလည်း၊ နိုင်ငံ အသီးသီးမှ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ လက်တွဲ ကြိုးပမ်းပြီး၊ တရားမျှတပြီး ပွင့်လင်းတဲ့ ဖွံ့ဖြိုးရေး ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ဖို့ အစည်းအဝေးမှာ ပန်ကြားခဲ့ပါတယ်။

  

 

   Webradio