• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လူမျိုးစုပေါင်းစုံတို့သည်၊ တရုတ်တိုင်းရင်းသားမိသားစုကြီးတွင် အစိတ်အပိုင်းပါဝင် ကြကြောင်း တရုတ်ကိုယ်စားလှယ်က အလေးထားဖော်ပြ

(GMT+08:00) 2019-02-28 15:09:20

      ကုလသမဂ္ဂ ဂျနီဗါဌာနရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ယွီကျန့်ဟွာသည်၊ ယခုလ ၂၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်းအဝေး၏ ယေဘုယျအခြေအတင်ဆွေးနွေးပွဲတွင် တရုတ်ပြည်၏ လူ့အခွင့်အရေးဆိုင်ရာ ခံယူချက်ကို ရှင်းလင်းဖော်ပြသည့်အပြင်၊ ရှင်းကျန်းဒေသ လူ့အခွင့်အရေးဖွံ့ဖြိုးမှုအောင်ကျိုးရလဒ်များကို မိတ်ဆက်ပေးခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ဆက်လက်၍ ယွီကျန့်ဟွာက တရုတ်အစိုးရအနေနှင့် လူ့အခွင့်အရေး၏ ယေဘုယျ မူများနှင့် မျက်မှောက်ခေတ်၏ လက်တွေ့အခြေအနေအားပေါင်းစပ်မှုကို စွဲကိုင်ထားပြီး၊ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော လူ့အခွင့်အရေး ဖြွုံ့ဖိုးမှုလမ်းကြောင်းအတိုင်း ရှေးရှုကာ၊ တစ်ကမ္ဘာလုံးက အာရုံစိုက်ကြသော အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio