• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှား-အိန္ဒိယ ၃နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကျင်းပ

(GMT+08:00) 2019-02-28 13:52:26

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဖ်ရိုဖ်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးစဝါရာက်ျတို့နှင့် ယခုလ ၂၇ ရက်နေ့က တရုတ်နိုင်ငံကျက်ကျန်းပြည်နယ်ဝူးကျင့်မြို့နယ်တွင် ၁၆ ကြိမ်မြောက် တရုတ်-ရုရှား-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲကျင်းပခဲ့ကြောင်း၊ ဝမ်ယိသည် ယင်းတွေ့ဆုံပွဲကိုဦးစီးကျင်းပခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ထို့သို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်၊ရုရှား၊အိန္ဒိယတို့သည် နိုင်ငံတကာ၌ သြဇာညောင်းမှုရှိသည့်နိုင်ငံကြီးနှင့်အဓိကထွန်းသစ်စစီးပွါးရေးအုပ်စုများအနေနှင့် ညှိနှိုင်း ဆောင်ရွက်မှုကိုတွန်းအားပေးပြီးသဘောတူညီမှုများစုစည်းကာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးတိုးမြှင့်ရန် လက်တွဲဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဖ်ရိုဖ်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးစဝါရာက်ျတို့က နိုင်ငံတကာမိသားစုကြီးသည် ကုလသမဂဋိညာဉ်စာချုပ်ပါရည်မှန်းချက်နှင့်မူအရ နိုင်ငံတကာဥပဒေနှင့်နိုင်ငံတကာဆက်ဆံရေးမူကိုလိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

   Webradio