• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံပွဲကို တက်ရောက်ရန် ထရန့်သည် ဗီယက်နမ်သို့ ရောက်ရှိ

(GMT+08:00) 2019-02-27 14:58:24

အမေရိကန်သမ္မတ ထရန့်သည် ၂၆ရက်နေ့ညက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်သို့ ရောက်ရှိခဲ့ပြီး ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ ဟနွိုင်းမြို့၌ ကျင်းပမည့် အမေရိကန်-မြောက် ကိုရီးယား ခေါင်းဆောင်များ ဒုတိယအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထရန့်နှင့် မြောက်ကိုရီးယား အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်တို့သည် ၂၇ရက်နေ့ ညတွင် တိုတောင်းသော တွေ့ဆုံပွဲကို ကျင်းပပြီး ညစာစားပွဲသို့ အတူတူတက်ရောက်ကာ ၂၈ရက်နေ့တွင်လည်း တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း မကြာခင်က အိမ်ဖြူတော် က ထုတ်ပြန်ခဲ့ပါသည်။

   Webradio