• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကင်ဂျုံအန်၏ ဗီယက်နမ် ခရီးစဉ်မှာ ပြသနေသော အချက်အလက်များ

(GMT+08:00) 2019-02-26 12:36:29

ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ငူယင်ဖူထရွန်၏ ဖိတ်ကြားချက်အရ၊ မြောက်ကိုးရီးယား လုပ်သားပါတီ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်သည် လာမည့်ရက်များတွင် ဗီယက်နမ်၌ တရားဝင် ချစ်ကြည်ရေး ခရီး လှည့်လည်မည် ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ ကင်ဂျုံအန်၏ ယခုအကြိမ် ဗီယက်နမ် ခရီးစဉ်မှာ မြောက်ကိုးရီးယားက ပိုမို တံခါးဖွင့်သော နိုင်ငံခြား မူဝါဒကို ရှာကြံ ဖေါ်ဆောင်နေခြင်းကို ပြသ နေကြောင်း၊ ယခုအကြိမ် ခရီးစဉ်နှင့် ယခုလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဟနွိင်း မြို့၌ ကျင်းပမည့် ဒုတိယ အကြိမ် မြောက်ကိုးရီးယား-အမေရိကန် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတို့သည် နိုင်ငံတကာရေးရာများ၌ ဗီယက်နမ်၏ ရုပ်သွင် မြှင့်တင်ရေးအတွက် အခွင့်အလမ်းကို ဖန်တီးပေးမည် ဖြစ်ကြောင်း ဖေါ်ပြပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး အာရှ ပစိဖိတ်နှင့် နိုင်ငံတကာ မဟာဗျူဟာ သုတေသနဌာနမှ ဒုသုတေသီ ဝမ်ကျွင့်ရှိန်က၊ ကင်ဂျုံအန်၏ ဗီယက်နမ် ခရီးစဉ်သည် တံခါးဖွင့် သံတမန်ရေးကို ပြတ်ပြတ်သားသား ပြုလုပ်ရန် မြောက်ကိုးရီးယား၏ သဘောထားကို ပြသနေကြောင်း သုံးသပ်ထားပါသည်။ (ကျော့)

   Webradio