• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅ ကြိမ်မြောက် "မော်စကို စတာ့"နိုင်ငံတကာ ဝူရှူးသိုင်းပညာပြိုင်ပွဲ မော်စကို၌ ဖွင့်လှစ်

(GMT+08:00) 2019-02-25 13:43:35

      ယခုလ ၂၃ ရက်နေ့က ၅ ကြိမ်မြောက် "မော်စကို စတာ့"နိုင်ငံတကာ ဝူရှူးသိုင်း ပညာပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကို ဝူရှူးသိုင်းအားကစားရုံ၌ ဖွင့်လှစ်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဉ်ကျေးမှုရေးရာ သံမှူး၊ မော်စကိုမြို့ရှိ တရုတ် ယဉ်ကျေးမှုစင်တာ ဥက္ကဋ္ဌ ကုန်ကျာကျာ၊ ရုရှားနိုင်ငံအားကစားနှင့် ကာယပညာ ဝန်ကြီးဌာန ပေါ်လစီနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ချုပ် Boris Grishin နှင့် ရုရှားနိုင်ငံ ဝူရှူးသိုင်းပညာအသင်းဥက္ကဋ္ဌ  Gleb Muzrukov စသည့်ဧည့်သည်တော် များသည်၊ ယင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်က ဖော်ပြသည်။

၅ ကြိမ်မြောက် "မော်စကို စတာ့"နိုင်ငံတကာ ဝူရှူးသိုင်းပညာပြိုင်ပွဲကို ရုရှားနိုင်ငံ ဝူရှူးသိုင်းပညာအသင်းနှင့် မော်စကိုမြို့ ဝူရှူးသိုင်းပညာအသင်းတို့မှ ပူးတွဲကျင်းပကြပြီး၊ ၆ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း၊ ရုရှား၊ တရုတ်၊ ဂျာမဏီ၊ ပိုလန်၊ အစ္စရေး၊ အီဂျစ်နှင့် ကာဇာတ်စတန်စသည့် နိုင်ငံနှင့် ဒေသ ၂၂ ခုမှ အားကစားမောင်မယ် ၉၀၀ ကျော်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းအရသိရသည်။

   Webradio