• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သတ္တမ အကြိမ် တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး အဆင့်မြင့် တိုင်ပင်ဆွေးနွေးပွဲ ကျင်းပပြီးစီး

(GMT+08:00) 2019-02-25 09:33:07

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲ၏ တရုတ်ပြည်ဘက် ဦးဆောင်သူ လျူဟို့နှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် လိုက်ထ်ဟီဇာ၊ ဘဏ္ဍာရေး ဝန်ကြီး မ်နူချင်တို့သည် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဝါရှင်တန်မြို့၌ သတ္တမ အကြိမ် တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး အဆင့်မြင့် တိုင်ပင်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ အာဂျင်တီးနား တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို တစ်ဆင့်တိုး အကောင်အထည် ဖေါ်ဆောင်ပြီး၊ သဘောတူစာချုပ်ကို ဝိုင်းဝန်းပြီး စေ့စပ်ဆွေးနွေး၍၊ နည်းပညာ လွှဲပြောင်းပေးအပ်ရေး၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး၊ အကောက်ခွန် မဟုတ်သော နယ်ပယ်မှ အဟန့်အတားများ၊ ဝန်ဆောင်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ငွေလဲနှုန်း စသည့် အသေးစိတ်ကိစ္စရပ်များတွင် အနှစ်သာရကျသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ယင်းအခြေခံပေါ်တွင် နှစ်ဖက်တို့သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ လမ်းညွှန်ချက်အရ လာမည့်အဆင့်ကာလ လုပ်ငန်းရပ်များကို ကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။ (ကျော့)

   Webradio