• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆူဒန်နိုင်ငံသည် ၁နှစ်ကြာမည့် အရေးပေါ် အခြေအနေ ကြေညာ

(GMT+08:00) 2019-02-24 16:37:09

ဆူဒန် နိုင်ငံ သမ္မတ ဘာရှီရ်က ယခုလ ၂၂ရက်နေ့ညက ရုပ်မြင်သံကြားအစီအစဉ်တွင် တစ်ပြည်လုံးအား မိန့်ခွန်းပြောကြားရာ၌ တစ်ပြည်လုံးတွင် တစ်နှစ်ကြာမည့် အရေးပေါ် အခြေအနေ ကျင့်သုံးမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရများကို ဖျက်သိမ်းမည် ဖြစ်ကြောင်းလည်း ကြေညာသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ယမန်နှစ် ဒီဇင်ဘာလမှစ၍ ကုန်ဈေးနှုန်း တက်လာခြင်းနှင့် ငွေကြေးတန်ဖိုး ကျဆင်းခြင်း အပါအဝင် အကြောင်းရင်းများကြောင့် ဆူဒန်နိုင်ငံရှိ မြို့များစွာတွင် ဆန္ဒပြလှည့်လည်ပွဲများ ကျင်းပခဲ့ကြောင်း၊ ယခုအထိ သေဆုံးသူ ဦးရေမှာ ၃၀ကျော် ရှိကြောင်း အစိုးရမှ ထုတ်ပြန်ချက်အရ သိရသည်။

   Webradio