• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန်သည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်မှု တိုးမြှင့်ရေး ဆိုင်ရာ အကျိုးတူ အကျိုးစီးပွား ၃ခုရှိ

(GMT+08:00) 2019-02-24 16:22:01

အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တော်တွင် ကျင်းပလျက်ရှိသော သတ္တမအကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲ၌ ကုန်သွယ်မှု ညီမျှစေရေး၊ လယ်ယာစိုက်ပျိုးရေး၊ နည်းပညာ လွှဲပြောင်းပေးရေး၊ ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး၊ ငွေကြေးဝန်ဆောင်မှုစသည့် နယ်ပယ်များတွင် အပြုသဘော ဆောင်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ယင်းနယ်ပယ်များတွင် ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်မှု တိုးမြှင့်ရေး ဆိုင်ရာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံတို့၏ သဘောတူညီမှု အဆက်မပြတ် တိုးပွားလာကြောင်း၊ နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေး အုပ်စု ၂ခု ဖြစ်သည့် အနေနှင့် ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ အကျိုးတူ အကျိုးစီးပွား ၃ခုရှိကြကြောင်း စီအာအိုင်က ဖော်ပြသည်။

ပထမအချက်က စီးပွားရေး ယှဉ်ပြိုင်မှု တိုးမြှင့်ရေး ရှုထောင်မှ ကြည့်လျှင် ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ၏ ဘုံတောင်းဆိုချက် ဖြစ်ကြောင်း၊ ပညာ မူပိုင်ခွင့် ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ ပြလုပ်ရေးသည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်မှု တိုးမြှင့်ရေး အတွက် အဓိက နည်းလမ်း တစ်ခု ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံ၏ ပညာ မူပိုင်ခွင့် ဥပဒေ စနစ်သည် အလွန်ပြည့်စုံပြီး ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ကြောင်း၊ ယင်းကို တရုတ်ပြည်သည် နည်းယူလေ့လာသင့်ကြောင်း၊ ဒုတိယ အချက်ကတော့ နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စနစ် ရှုထောင့်မှ ကြည့်လျှင် ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးသည် စံချိန်စံညွှန်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ ခေတ်မီ နိုင်ငံတကာ ကုန်သွယ်ရေး၏ သိသာထင်ရှားသော ထူးခြားချက် တစ်ချက်သည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ပညာဗဟုသုတကို စီးပွားဖြစ်စေခြင်း ဖြစ်ကြောင်း၊ တတိယ အချက်က တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ရှုထောင့်မှ ကြည့်လျှင် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို အပြန်အလှန် အားဖြည့်ပြုလုပ်သင့်ကြောင်း၊ ယခု နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု နက်ရှိုင်းစွာ ရောနှောပေါင်းစပ်၍ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး အပြန်အလှန်ပြုလုပ်ရန် တောင်းဆိုချက် တိုးမြင့်လာခြင်းသည် သဘာဝကျကြောင်း၊ တရုတ်ပြည်တွင် အမေရိကန် ကုမ္ပဏီများ၏ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို တိုးမြှင့်ရန် အမေရိကန်မှ တောင်းဆိုချက်သည် တရုတ် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်မှု၏ ဦးတည်ချက်နှင့် ကိုက်ညီကြောင်း စီအာအိုင်က ဖော်ပြ သည်။

   Webradio