• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သတ္တမအကြိမ်မြောက် တရုတ်-ကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ဝါရှင်တန်၌ ကျင်းပ

(GMT+08:00) 2019-02-22 11:22:32

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံစီးပွားရေး ဆွေးနွေးပွဲ၏ တရုတ်ဦးဆောင်သူ လျူဟို နှင့် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် လိုက်သီဇာ၊ ဘဏ္ဍာရေးဝန်ကြီး မနူချင်းတို့သည် ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၂၁ရက်နေ့က အမေရိကန် အိမ်ဖြူတော်၌ သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ပူးတွဲဦးစီးကျင်းပခဲ့ကြကြောင်း၊ ယခုအကြိမ် အဆင့်မြင့် ဆွေးနွေးပွဲကို ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိ ဝါရှင်တန်မြို့၌ ကျင်းပရန် စီစဉ်ထားကြောင်း၊ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့သည် ၁၉ရက်နေ့က လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ် ပြည်သူ့ဘဏ် ဥက္ကဋ္ဌ အိကောင်း၊ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဆွေထျန်ခိုင်၊ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ရိုစ် နှင့် အိမ်ဖြူတော် နိုင်ငံတော် စီးပွားရေး ကော်မတီ တာဝန်ခံ ကူဒ်လိုတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio