• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားစီးပွားရေးတိုးတက်ခြင်းသည် အမေရိကန်-မြောက်ကိုးရီးယား ဆက်ဆံမှုအတွက် အရေးကြီးသည်ဟု ထရန့်ဆို

(GMT+08:00) 2019-02-22 10:53:36

အမေရိကန်သမ္မတထရန့်က ဒေသစံတော်ချိန်၂၁ရက်နေ့က မြောက်ကိုးရီးယား နိုင်ငံသည် စီးပွားရေးအရှိန်အဟုန်တိုးတက်ရန် အကောင်အထည် ဖော်ဆောင်ခြင်းသည် အမေရိကန်-မြောက်ကိုးရီးယားဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်အရေးပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

အမေရိကန်သမ္မတထရန့်နှင့် မြောက်ကိုးရီးယားထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်သည် ယခုလ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် အမေရိကန်-မြောက်ကိုးရီးယားဒုတိယအကြိမ် ထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း။ ယခုလ၂၁ရက်နေ့က အိမ်ဖြူတော်မှ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ပြီး သမ္မတထရန့်သည် ကိုးရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအကောင်အထည် ဖော်ဆောင်ရန် အပေါ်ယုံကြည်စိတ်ရှိပြီး ယခုအကြိမ်နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပွဲကို စောင့်မျှော်ကြောင်းထုတ်ဖော်ခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio