• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကုမ္ပဏီများသည် မလေးရှား-တရုတ်နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်ဟု မလေးရှားဒုဝန်ကြီးချုပ်ဆို

(GMT+08:00) 2019-02-22 10:28:49

မလေးရှားဒုဝန်ကြီးချုပ် ဝမ် အာဇီဇာက မလေးရှား တရုတ်လုပ်ငန်းရှင်များအသင်း ချုပ်သည် မလေးရှား-တရုတ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်ဟု ယခုလ ၂၀ ရက်နေ့က ကွာလာလမ်ပူ၌ ပြောကြား ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ဝမ် အာဇီဇာသည် မလေးရှား တရုတ်လုပ်ငန်းရှင်များအသင်းချုပ်တည်ထောင်သည့် ၃ နှစ် ပြည့်မြောက်နှစ်နှင့် မလေးရှား-တရုတ် သံအဆက်အသွယ်ထားရှိသည့် ၄၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။ ၄င်းက မလေးရှား တရုတ်လုပ်ငန်းရှင်များအသင်းချုပ်အား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေး အတွက် ဆက်လက် အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း၊ ပိုမိုများပြားသော တရုတ်ကုမ္ပဏီ များ မလေးရှားသို့ ရင်းနှီးမြှုပ်နှံရန် ကြိုဆိုပြီး ဤသို့ဖြင့် win-win အကောင်အထည်ဖေါ်ကြောင်း ပြောကြားသည်။

   Webradio