• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နင်ကျီဇယ်သည် လာအိုနိုင်ငံသို့ ခရီးလှည့်လည်ပြီး တရုတ်-လာအိုစီးပွားရေးစင်္ကြံ အပါအဝင် အရေးကြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကို တွန်းအားပေး

(GMT+08:00) 2019-02-22 10:19:36

   တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုဥက္ကဋ္ဌနင်ကျီဇယ်သည် နှစ်နိုင်ငံခေါင်းဆောင်တို့၏ တရုတ်-လာအို စီးပွားရေးစင်္ကြံအတူတည်ဆောက်ရေး သဘောတူညီချက်ကို လက်တွေ့ကျဖေါ်ဆောင်ရန်နှင့် တရုတ်-လာအိုရထားလမ်း တည်ဆောက်ရေး၊ တရုတ်-လာအို ကုန်ထုတ်လုပ်မှုစွမ်းအားပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ယခုလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ လာအိုနိုင်ငံသို့ ခရီးလှည့်လည် ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

   လာအိုနိုင်ငံသို့ ခရီးလှည့်လည်ချိန်အတွင်း နင်ကျီဇယ်သည် လာအိုဝန်ကြီးချုပ်သုန်လွန်၊ ဒုဝန်ကြီးချုပ်စွန်ဒီ၊ လာအိုစီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနဝန်ကြီးစူဖန်၊ စွမ်းအင်နှင့် သတ္တုလုပ်ငန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အမျိုးသားစီးပွားရေးသုတေသနဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ နန်ကျီဇယ်သည် တရုတ်-လာအိုရထားလမ်းတည်ဆောက်ရေးနေရာနှင့် ဗီယင်ကျန်း-ဗန်ဗီယန် အမြန်မောင်းကားလမ်းလုပ်ငန်း ကွပ်ကဲရေးဌာနသို့ လေ့လာကြည့်ရှု ခဲ့သည်ဟု သိရသည်။

   Webradio