• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟွမ်ခွင်းမင်က တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(GMT+08:00) 2019-02-21 14:25:06

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး ဟွမ်ခွင်းမင်သည် ၂၀ရက်နေ့က တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြား ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ကျင်းပခြင်းသည် နှစ်ဖက် ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ပြည်သူများအကြား သိရှိနားလည်မှုကို တွန်းအားပေးနိုင်သော အရေးကြီး ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ နှစ်ဖက်မီဒီယာတို့သည် ချစ်ကြည်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးရေး၊ တန်းတူညီမျှစွာ အပြန်အလှန် အကျိုးရှိစေရေး၊ ပူးပေါင်း ဆောင်ရွက်ပြီး အတူအောင်မြင်မှုရရှိရေး ဟူသော ကောင်းမွန်သည့် အစဉ်အလာများကို စွဲကိုင်သင့်ကြောင်း ဟွမ်ခွင်းမင်က ပြောကြားခဲ့ပါသည်။

   Webradio