• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်အာရှအခြေအနေအပေါ် ကုလ အတွင်းရေးမှူးချုပ် လွန်စွာအာရုံစိုက်နေ

(GMT+08:00) 2019-02-21 11:29:38

      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည်၊ ယခုလ ၂၀ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌၊ တောင်အာရှ အခြေအနေအပေါ် အရေးထား လွန်စွာအာရုံစိုက်နေကြောင်း ဖော်ပြသည့်အပြင်၊ အိန္ဒိယနှင့် ပါကစ္စတန်အစိုးရတို့အနေနှင့်၊ တစ်ဦးနှင့်တစ်ဦးသည်းခံစိတ်ထားရန် ပန်ကြားခဲ့ကြောင်း တရုတ်သတင်းဌာနမှ ဖော်ပြသည်။

ဂူတာရက်စ်က နိုင်ငံတကာတရားဥပဒေအရ အလစ်ဝင်ရောက်တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှု အရေးအခင်းများကို အရေးယူပြီး၊ အရေးအခင်းဖန်တီးသူများကို ဥပဒေအရ အရေးယူရ မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio