• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝေဖုန်ဟိုက ဗီယက်နမ် နိုင်ငံတော် ကာကွယ်ရေးဒုဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2019-02-20 12:20:19

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဝေဖုန်ဟိုသည် ၁၉ရက်နေ့က ပီကင်းမြို့၌ ဗီယက်နမ် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ငုယဉ်ချီဗင်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝေဖုန်ဟိုက တရုတ်နှင့်ဗီယက်နမ်နှစ်နိုင်ငံအကြား ချစ်ကြည်ရေး နက်ရှိုင်းကြာရှည် လာပါကြောင်း၊ အတွေးအခေါ် နီးစပ်ကြောင်း၊ ဆက်ဆံရေးသည် အထူး အရေးကြီးကြောင်း၊ မဟာဗျူဟာအရ ကံကြမ္မာ အသိုက်အဝန်းဖြစ်ကြောင်း၊ ပြောကြားပါသည်။

တရုတ်တပ်မတော်သည် ဗီယက်နမ်တပ်မတော်နှင့်အတူ ကြိုးပမ်းအားထုတ်ပြီး နှစ်ပါတီ၊ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်ကို လက်တွေ့ကျ ဖော်ဆောင်ရန်၊ မဟာဗျူဟာ ကူးလူးဖလှယ်ရေးနှင့် ညှိနှိုင်းမှုကို အားဖြည့်ရန်၊ နယ်ပယ်အသီးသီး၌ ကူးလူး ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ သဘောကွဲလွဲမှုကို သင့်လျော်စွာ ဖြေရှင်းရန်၊ နှစ်ဖက်တပ်မတော် ဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းဖို့ တွန်းအားပေးရန်၊ နှစ်နိုင်ငံ အရင်းခံ အကျိုးစီးပွားနှင့် ဒေသခံလုံခြုံရေး တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ အကျိုးပြုစွမ်းဆောင်မည် ဖြစ်ကြောင်း၊ ၎င်းက ပြောကြားပါသည်။

ငုယဉ်ချီဗင်ကလည်း၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ဗဟိုစစ်ရေး ကော်မရှင်တို့သည် ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးအစဉ်အလာကို တန်ဖိုးထားကြောင်း၊ နှစ်နိုင်ငံ၊ နှစ်ဖက်တပ်မတော် ဆက်ဆံရေးကို တွန်းအားပေးရန်၊ နှစ်နိုင်ငံပြည်သူများ အတွက် သုခချမ်းမြေ့မှုကို ပိုမိုဖန်တီးပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

   Webradio