• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဖွံ့ဖြိုးရေးဇုန်ဟာ တရုတ်နဲ့ ကမ္ဘာကြီး စီးပွါးရေး အင်ဂျင်သစ် ဖြစ်နေ

(GMT+08:00) 2019-02-20 09:48:11

တရုတ် ကွမ်တုန်းပြည်နယ်၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသနဲ့ မကာအို အထူးအုပ်ချုပ်ရေးဒေသ ဖွံ့ဖြိုးရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် စီမံကိန်းကို တရုတ်အစိုးရက ဒီလ ၁၈ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ စီမံကိန်းထဲမှာ၊ ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဖွံ့ဖြိုးရေးဇုန်ကို ကမ္ဘာ့ရှေ့တန်းပြေး မြို့များ စုစည်းရာ နေရာ၊ နိုင်ငံတကာ သြဇာညောင်းမှု ရှိတဲ့ သိပံ္ပနည်းပညာ ဆန်းသစ်ရေး ဗဟိုချက်မနေရာ၊  Belt and Road တည်ဆောက်ရေးရဲ့ အရေးကြီး ကျောရိုးမဏ္ဍိုင်၊ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်၊ မကာအိုတို့ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး စံပြဇုန်၊ အရည်အချင်း မြင့်မားတဲ့ နေထိုင်၊ ခရီးသွားဇုန် ဖြစ်လာအောင် တည်ဆောက်သွားမယ်လို့ ရည်မှန်းချက်တွေကို တင်ပြထားပါတယ်။

ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအို ဖွံ့ဖြိုးရေးဇုန်ရဲ့ အကျယ်အဝန်းဟာ တရုတ်ပြည် စုစုပေါင်း နယ်မြေရဲ့ ၀့ ၆ ရာခိုင်နှုန်းသာ ရှိပြီး လူဦးရေလည်း စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းတောင် မရှိပေမယ့် စီးပွါးရေး စုစုပေါင်း ပမာဏ ကတော့ တစ်ပြည်လုံး ဂျီဒီပီ၏ ၁၂ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဖွံ့ဖြိုးရေးဇုန်ဟာ တရုတ်ပြည် တံခါးဖွင့်ရေး အဆင့်အတန်း အမြင့်ဆုံး၊ စီးပွါးရေး ရှင်သန်မှု အရှိဆုံးသော ဒေသ တစ်ခုပဲ ဖြစ်ပါတယ်။ (ကျော့)

   Webradio