• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကျမ့်ရှူးသည် ဂျပန်အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

(GMT+08:00) 2019-02-19 15:39:35

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌလိကျမ့်ရှူးသည် ယခုလ၁၈ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက်နှင့် ဂျပန်အထက်လွှတ်တော် ပုံမှန်ကူးလူးဖလှယ်မှုစနစ်၈ကြိမ်မြောက် အစည်းအဝေးတက်ရောက်နေသော ဂျပန်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဥက္ကဋ္ဌ ဆာတိုရှီ နီနိုယူက ဂျပန်လွှတ်တော်သည် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ ကွန်ဂရက်နှင့် ကူးလူးဖလှယ်မှုကို အားဖြည့်ဆောင်ရွက်ပြီး ဂျပန်-တရုတ်ချစ်ကြည်ရေး အတွက် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။

   Webradio