• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗဟိုမီဒီယာအုပ်စု ၂၀၁၉ မုန့်လုံးရေပေါ်ပွဲတော် ပဒေသာကပွဲ ကျင်းပ တော့မယ်

(GMT+08:00) 2019-02-19 10:02:32

တရုတ် ဗဟိုမီဒီယာအုပ်စု ဦးစီးပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် မုန့်လုံးရေပေါ် ပွဲတော် ပဒေသာကပွဲကို ဒီလ ၁၈ ရက်နေ့ည ၈ နာရီမှာ ကျင်းပတော့မယ်။ ပဒေသာကပွဲမှာ၊ အဆိုအကများ၊ ဟာသပြဇာတ်များ၊ အရပ်ဘက် ဓလေ့စရိုက်များ စတာတွေကို တင်ဆက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မုန့်လုံးရေပေါ် ပွဲတော် ပဒေသာကပွဲဟာ ဗဟို မီဒီယာ အုပ်စု ဖွဲ့စည်း တည်ထောက်ခဲ့တဲ့ နောက်ပိုင်း ဦးစီးပြုလုပ်တဲ့ ပထမဆုံး မုန့်လုံးရေပေါ် ပွဲတော် ပဒေသာ ကပွဲ ဖြစ်ပြီး တင်ဆက်ဖျော်ဖြေတော့မယ့် အစီအစဉ်များထဲမှာ "ပြောလေ ငါ သဘောတူပါ့မယ်""အရှေ့မြောက်ပိုင်း ဈေးကြီး""စိတ်ရှည်ရှည် ထားပါ""မင်းကို သီချင်း ဆိုပြမယ်""ရယ်ပြုံး စကားများ" စတဲ့ ဟာသပြဇာတ်နဲ့ ပြက်လုံးတွေဟာ လူကြိုက်များမှာ သေချာပါတယ်။

ပဒေသာကပွဲမှာ ဝါရင့် ဝါနု အနုပညာရှင်များဟာ ဇာတ်ခုံပေါ်မှာ အဆိုအကများကို အတူ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဥပမာ ဆိုရရင် အသက် ၉၀ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့ နာမည်ကြီး ဝါရင့် အဆိုတော်ကြီး ကိုလမ်ယဉ်ဟာ အလတ်ပိုင်းအရွယ်နဲ့ လူငယ် အဆိုတော်များ ဖြစ်တဲ့ ကျမ်းယယ်၊ ကျိုးရွှမ်တို့နဲ့အတူ "တို့ အမိနိုင်ငံ" သီချင်းကို အတူ သီဆိုကြမှာ ဖြစ်ပြီး အဲဒါနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့်မြောက်ခြင်းကို ဂုဏ်ပြု ထောမနာ ပြုမှာ ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ အဆိုတော်ကြီး လီကူယီဟာ အဆိုတော် ရွှီစီဝေနဲ့ တွဲပြီး "အတူတူ ကြီးပြင်းလာ၊ အတူတူ အိုမင်းသွား" သီချင်းကို သီဆိုကြမှာ ဖြစ်ပြီး မိသားစု ဝိုင်းဝန်း စုစည်း နွေးထွေးပုံ အကြောင်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

ပဒေသာကပွဲမှာ ရိုးရာ အော်ပရာများကို မရှိမဖြစ် တင်ဆက်ဖျော်ဖြေရမှာ ဖြစ်ပါတယ်။ "ရွှေဝက် သုခချမ်းသာမှုများ ဆောင်ကြဉ်းလာခြင်း" အမည်ဖြစ်တဲ့ အော်ပရာ အစီအစဉ်ထဲမှာ တစ်ပြည်လုံးရှိ ဒေသခံ ဇာတ်အော်ပရာ ဆယ်မျိုးကျော်မှ လူရွှင်တော် ဇာတ်ဆောင်များဟာ ရသမြောက်တဲ့ အော်ပရာများကို တင်ဆက်ကြမှာ ဖြစ်ပြီး ပရိသတ်များအား မုန့်လုံးရေပေါ် ဆုမွန်ကောင်းများကို ပို့ဆောင် သွားမှာ ဖြစ်ပါတယ်။

မုန့်လုံးရေပေါ် စားခြင်း၊ အလှပြ ရောင်စုံ မီးအိမ်များ ရှုစားခြင်းနဲ့ စကားထာ ဖြေခြင်းတို့ဟာလည်း မုန့်လုံးရေပေါ်နေ့မှာ မရှိမဖြစ် ရှိရတဲ့ ဓလေ့စရိုက်ပဲ ဖြစ်ပါတယ်။ ပဒေသာကပွဲမှာ အဲဒီ ဓလေ့စရိုက်များကို တင်ဆက်ပြသမယ့်အပြင်၊ သကြား လူရုပ်၊ သကြား ပန်းချီ စတဲ့  အရပ်ဘက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကိုလည်း ဇာတ်ခုံပေါ်မှာ ဖျော်ဖြေပေးမယ်လို့ သိရပါတယ်။ (ကျော့)

   Webradio