• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင် နွေဦးပွဲတော် ပဒေသာကပွဲနှင့် ဆုတောင်းပွဲ ကျင်းပ

(GMT+08:00) 2019-02-07 10:20:58

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ခရီးသွား ဦးစီးဌာနက စည်းရုံး ပြုလုပ်သော ၂၀၁၉ ခုနှစ် ကိုထိုင် လေကြောင်းလုပ်ငန်း နွေဦးပွဲတော် နိုင်ငံတကာ ပဒေသာကပွဲကို ယခုလ ၅ ရက်နေ့ညက ကျန်ရှာကျူ၌ ကျင်းပခဲ့ရာ၊ ပန်းလှည်း ၉ စင်း၊ ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၁၁ ခုမှ အနုပညာအဖွဲ့ ၂၅ ဖွဲ့တို့ ရသမြောက် အစီအစဉ်များကို တင်ဆက် ဖျော်ဖြေပေးခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ဟောင်ကောင်ဒေသ ဆုတောင်းပွဲ အခမ်းအနားကိုလည်း တာဖူလင်ရွာ၌ ကျင်းပခဲ့ရာ ဟောင်ကောင် မြို့သူမြို့သားများနှင့် ကမ္ဘာလှည့် ခရီးသည် များစွာတို့သည် ဆုတောင်းပွဲတွင် ပါဝင်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio