• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နယူးယောက်မြို့ရှိ Empire State Building တိုက်ကြီးတွင် တရုတ် နွေဦးပွဲတော် အတွက်  ရောင်စုံ မီးလုံးမီးသီးများ ထွန်းပေး

(GMT+08:00) 2019-02-06 11:22:42

        ယခုလ ၄ ရက်နေ့နှင့် ၅ ရက်နေ့ ညပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Empire State Building တိုက်ကြီးတွင် ရောင်စုံမီးရောင်ဖြင့် တရုတ် ရိုးရာ နှစ်သစ်ကူး နွေဦးပွဲတော်ကို ထောမနာပြုသည့်အနေနှင့် ရောင်စုံ မီးလုံးမီးသီးများ ထွန်းပေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုလ ၁ ရက်နေ့က ကျင်းပခဲ့သော Empire State Building တိုက်ကြီး ၂၀၁၉ခုနှစ် တရုတ် နွေဦးပွဲတော် မီးထွန်းညှိပွဲ အခမ်းအနားတွင် နယူးယောက်မြို့ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ်၊ သံအမတ်ကြီး ဟွမ်ဖင်းက Empire State Building တိုက်ကြီးသည် အမေရိကန်နိုင်ငံမှ ယဉ်ကျေးမှု အမှတ်လက္ခဏာဖြစ်ကြောင်း၊ Empire State Building တိုက်ကြီးတွင် တရုတ် နွေဦးပွဲတော် အတွက်  ရောင်စုံ မီးလုံးမီးသီးများ ထွန်းပေးခြင်းသည် တရုတ်-အမေရိကန် ပြည်သူပြည်သားများအကြား ချစ်ကြည်ရေး၏ အမှတ်လက္ခဏာလည်းဖြစ်ကြောင်း ပြောကြားသည်။

   Webradio