• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(ရှီကျင့်ဖိန်နဲ့ ပြည်သူလူထုများရဲ့နေထိုင်မှုဘဝ-၂)အစိုးရိမ်ဆုံး

(GMT+08:00) 2019-02-06 09:07:05

နွေဦးပွဲတော်ရောက်ခါနီးတိုင်း အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်ဟာ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးတဲ့ ဒေသမှာ အမြဲရှိတတ်ပါတယ်။ သူကိုယ်တိုင်ပြောသလိုပဲ၊ နှစ်သစ်ရောက် တဲ့အခါ ကျွန်တော်အစိုးရိမ်ဆုံးဟာ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေပါတဲ့။ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်ရဲ့ ပြည်တွင်းလေ့လာရေးခရီးစဉ်ကို ကြည့်ရင် သူ့ရဲ့ခြေလှမ်းဟာ တစ်ပြည်လုံး ဆင်းရဲတဲ့ဒေသကို ပျံ့နှံ့ထားပြီး ဆင်းရဲတဲ့ပြည်သူတို့ရဲ့ နေထိုင်မှုကို လက်တွေ့လေ့လာကာ ဆင်းရဲတဲ့ဒေသ စီးပွားရေးဖွံ့ဖြိုးမှု ခေတ်နောက်ကျတဲ့ အကြောင်းရင်းကို ရှာကြံခဲ့တယ်။ တရုတ်နိုင်ငံအမြင့်ဆုံးခေါင်းဆောင်အနေနဲ့ ရှီကျင့်ဖိန်က ဘက်စုံ အသင့်အတင့်ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်းဘဝကို အကောင်အထည်ဖေါ်တဲ့လမ်းကြောင်းမှာ ဆင်းရဲသောပြည်သူ တစ်ယောက်ကိုမှ စွန့်ပစ်လို့မရကြောင်း၊ တောင်သူလယ်သမားအများအပြား တံခါးဖွင့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အောင်မြင်မှုကို မျှဝေခံစားစေရကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပါ တယ်။ ဒီနေ့ ရှီကျင့်ဖိန်နဲ့ ပြည်သူလူထုများရဲ့နေထိုင်မှုဘဝ အပိုင်း-၂ "အစိုးရိမ်ဆုံး" ကို တင်ဆက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လူဘယ်နှစ်ယောက်မိန်းမယူသလဲ။

၇ ယောက်ပါ။

ဒါဟာ ၂၀၁၆ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နဲ့ တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီအစည်းအဝေးအတွင်း ရှီကျင့်ဖိန်နဲ့ ဟူနန်ပြည်နယ်အနောက်ပိုင်း ထူကျားလူမျိုး မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ အုပ်ချုပ်ရေးမှူး ကိုကျက်ချွင်နဲ့ ပြောတဲ့စကားတွေပါ။ ဆင်းရဲတဲ့အတွက် အရင်က ရွာကယောကျားလေးတွေ ရည်းစားရှာရတာအရမ်းခက်ခဲတယ်။  ၂၀၁၃ခုနှစ် နိုဝင်ဘာလက ရှီကျင့်ဖိန်ဟာ အဲဒီဒေသ တောနက်တောင်နက်မှာ ရှိတဲ့ ရှီပါတုန့်ရွာကို လေ့လာကြည့်ရှုခဲ့တယ်။ ဆင်းရဲပြည်သူ ရှီချီဝိန်အိမ်မှာ ရှီကျင့်ဖိန်က အဘိုးအဘွားလင်မယားနှစ်ယောက်ရဲ့ နေထိုင်မှုအခြေအနေကို အသေးစိတ်မေးခဲ့ပါတယ်။

ဝအောင်စားနိုင်လား၊ ဆန်လောက်လား။

လောက်တယ်။စပါးကျီရှိပါတယ်။

အသေးသုံးငွေရှိလား။ဝင်ငွေရှိလား။ဝက်တွေ၊ ဆိတ်တွေ မွေးထားလား။

ဝက်နှစ်ကောင်ရှိပါတယ်။

 

ရှီကျင့်ဖိန်ဟာ ရှီပါတုန့်ရွာကို လေ့လာကြည့်ရှုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲသူတွေကို တိကျမှန်ကန်စွာ ကူညီပေးရေးအကြောင်းကို ပြောကြားခဲ့တယ်။ဆင်းရဲသူတွေကို တိကျမှန်ကန်စွာ ကူညီထောက်ပံ့ရေးလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ရှီပါတုန့်ရွာဟာ လုပ်ငန်း ၅ ခုကို ဆောင်ရွက်မယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့ လုပ်အား ဝန်ဆောင်မှုပေးရေး၊ အထူးထွက်ကုန်စိုက်ပျိုးရေးလုပ်ငန်း၊ မြောင်လူမျိုးပန်းထိုး၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတို့ဖြစ်တယ်။ ၂၀၁၇ခုနှစ်မှာ ရှီပါတုန့်ရွာ တစ်ရွာလုံး ဆင်းရဲမှုပပျောက် ခဲ့ပြီး တခြားဒေသအတွက် အတုယူနိုင်တဲ့ ဆင်းရဲမှု တိကျမှန်ကန်စွာ ပပျောက်ရေး ပုံစံကို လည်း ပံ့ပိုးခဲ့ပါတယ်။ ဆင်းရဲမှုပပျောက်တဲ့တစ်ချိန်တည်းမှာ ရွာက လူပျိုကြီးအတော်များများဟာလည်း အိမ်ထောင်ကျပြီး ရှီချီဝိန်လင်မယားနှစ်ယောက်ရဲ့ နေထိုင်မှုလည်း အတော်လေးပြောင်းလဲလာခဲ့ပါတယ်။

   Webradio