• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား၊ တူရကီနှင့် အီရန် သမ္မတတို့သည် ဆိုချီ၌ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပမည်

(GMT+08:00) 2019-02-04 11:05:39

ရုရှား သမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူး ပေစကို့ဖှ်က၊ ရုရှား၊ တူရကီနှင့် အီရန် သုံးနိုင်ငံမှ သမ္မတတို့သည် ယခုလ ၁၄ ရက်နေ့တွင် ရုရှား တောင်ပိုင်းဒေသ ဆိုချီ မြို့၌ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း ၃ ရက်နေ့က ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ရုရှား မီဒီယာမှ သတင်းအရ၊ အထက်ပါ သုံးနိုင်ငံမှ သမ္မတတို့သည် ဆီးရီးယား နိုင်ငံ အီဒလီဘ် ဒေသ အခြေအနေနှင့် အမေရိကန်က ဆီးရီးယားမှ တပ်ဖွဲ့ ရုပ်သိမ်းရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio