• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့နိုင်ငံနှင့်ဒေသအသီးသီးတွင် တရုတ် နှစ်သစ်ကူး အခမ်းအနားများ ပြုလုပ်

(GMT+08:00) 2019-02-04 11:04:15

သက်ဆိုင်ရာစာရင်းအရ၊ ယခုနှစ် နွေဦးပွဲတော် အတောအတွင်း တရုတ် ပြည်သူ ပြည်သား လူဦးရေ သန်း ၄၀၀ ခန့်သည် ခရီးသွားမည် ဖြစ်ပြီး ယင်းတို့အနက် နိုင်ငံခြားသို့ ခရီးသွားသူ ဦးရေမှာ ၇ သန်းခန့် ရှိကြောင်း၊ ယင်းကို ရည်ရွယ်ပြီး ကမ္ဘာ့ နိုင်ငံနှင့် ဒေသ အသီးသီးတို့သည် အသွင်ပုံစံ မျိုးစုံသော တရုတ် နွေဦးပွဲတော် အခမ်းအနားများ ပြုလုပ်ပြီး ခရီးသွား အဆင်ပြေစေရေး ဆောင်ရွက်မှုများကိုလည်း ပြုလုပ်နေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ခရီးသည်များကို ဆွဲဆောင်ရန်အတွက် ထိုင်း နိုင်ငံတွင် အခမဲ့ ဆိုက်ရောက် ဗီစာ ထုတ်ပေးရေးစနစ်ကို ဆက်လက် ကျင့်သုံးမည် ဖြစ်ပြီး ဘန်ကောက်မြို့ တရုတ်တန်းတွင်လည်း နဂါအက၊ ခြင်္သေ့အက စသဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဂျပန်နိုင်ငံရှိ စတိုးဆိုင်၊ အီလက်ထရွန်နစ်ကုန်ပစ္စည်းဆိုင်များတွင်လည်း တရုတ် စကားပြော ဝန်ထမ်းများသည် တရုတ် ခရီးသည်များအား ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီဟု သိရပါသည်။

   Webradio