• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဒေသအရပ်ရပ်တွင် အသွင်ပုံစံမျိုးစုံဖြင့် နှစ်သစ် နွှဲပျော်

(GMT+08:00) 2019-02-04 10:59:07

နွေဦးပွဲတော်ဟာ တရုတ်လူမျိုးရဲ့ အရေးအကြီးဆုံး ရိုးရာ နှစ်သစ်ကူး ပွဲတော် ဖြစ်ပြီး တရုတ်ပြည် ဒေသရပ်ရပ်မှ ပြည်သူပြည်သားများဟာ အသွင်ပုံစံမျိုးစုံနဲ့ နွှဲပျော် နေကြပါတယ်။

တရုတ်လူမျိုးများဟာ နွေဦးပွဲတော် အကြိုညမှာ တစ်မိသားစုလုံး စုစည်း ဝိုင်းဝန်းပြီး အတူ ထမင်းစားလေ့ရှိပါတယ်။ အခု လောလောဆယ်မှာ အပြင် စားသောက်ဆိုင်မှာ အကြိုည ထမင်းစာတာ၊ အွန်လိုင်းမှာ ထမင်းဟင်းတွေ ကြိုတင် မှာယူတာနဲ့ စားဖိုမှူး အိမ်တိုင်ရာအောင် ထမင်းဟင်း ချက်ပေးတာ စတဲ့ အသွင်ပုံစံမျိုးဟာ အလွန် ခေတ်စား နေတယ်လို့ သိရပါတယ်။

နွေဦးပွဲတော် အကြိုညမှာ တစ်မိသားစုလုံး နွေဦးပွဲတော် ပဒေသာကပွဲ တီဗီ အစီအစဉ်ကို အတူ ဖမ်းယူ ကြည့်ရှုတာလည်း နွေဦးပွဲတော်ရဲ့ မရှိမဖြစ် ရှိရတဲ့ အစီအစဉ် တစ်ရပ် ဖြစ်တယ်။ အခု တရုတ်ပြည် ကျေးလက်တောရွာ တော်တော်များများမှာ စီစီတီဗီရဲ့ နွေဦးပွဲတော် ပဒေသာကပွဲ ကြည့်ကြတဲ့အပြင် ကိုယ့်ရွာတွင်းက ထူးခြားချက် ဝိသေသ ပါရှိတဲ့ တောရွာ နွေဦးပွဲတော် ပဒေသာကပွဲကိုလည်း စီစဉ် တင်ဆက်ဖျော်ဖြေ နေကြပါတယ်။

ဒါ့အပြင် နွေဦးပွဲတော် ရုံးပိတ်ရက်ရှည်အတွင်း ပြည်တွင်းပြည်ပ ရှုခင်းသာနေရာများသို့ ခရီးသွားဖို့လည်း မိသားစု တော်တော်များများက ရွေးချယ်နေကြပါတယ်။

   Webradio