• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

P5 Conferenceတွင် အရေးကြီး သဘောတူညီချက်ရရှိပြီဟု တရုတ် ဆို

(GMT+08:00) 2019-02-01 12:31:34

P5 Conferenceကို ဇန်နဝါရီလ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ ပေကျင်းမြို့၌ ကျင်းပခဲ့ ပါသည်။ P5 Conferenceကို ကျင်းပရာတွင် အရေးကြီး သဘောတူညီချက် ၃ခု ရရှိခဲ့ပြီး နိုင်ငံတကာ လုံခြုံရေးပတ်ဝန်းကျင်အပေါ် နိုင်ငံတကာ မိသားစုကြီး၏ ယုံကြည်စိတ်ကို တိုးမြှင့်ရန် အကျိုးပြုစွမ်းဆောင်နိုင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က ၃၁ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

အဆိုပါ အရေးကြီး သဘောတူညီချက် ၃ခုဆိုလျှင်၊ ပထမအချက်က P5 နိုင်ငံများသည် နိုင်ငံတကာငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ တာဝန်ဝတ္တရားကို အတူတကွ ထမ်းဆောင်ရန် ကတိခံဝန်ကြောင်း၊ ဒုတိယအချက်က P5 နိုင်ငံများသည် နျူကလီးယား လက်နက် မပြန့်ပွားစေရေး စာချုပ် စနစ်ကို အတူတကွ ထိန်းသိမ်း စောင့်ရှောက်ရန် ကတိခံဝန်ကြောင်း၊ တတိယအချက်ကတော့ P5 နိုင်ငံများသည် P5 နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းကို အသုံးပြုပြီး ဆက်လက်ညှိနှိုင်း ဆွေးနွေးရန် ကတိခံဝန်ကြောင်း ကင်စွမ်က ပြောကြားခဲ့ပါသည်။

   Webradio