• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ယွမ်ဖြင့်အစိုးရဘက်စာရင်းရှင်းငွေကြေးဖြစ်လာသည်ဟု မြန်မာဗဟိုဘဏ်ကြေညာ

(GMT+08:00) 2019-01-31 14:20:53

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခုလ ၃၀ ရက်နေ့ကထုတ်ပြန်သောညွှန်ကြားချက် အရ တရုတ်ယွမ်နှင့်ဂျပန်ယန်းတို့ကို အစိုးရဘက်စာရင်းရှင်းငွေကြေးအဖြစ်သုံးစွဲရန် ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ညွှန်ကြားချက်တွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းမှုတိုးမြှင့်စေရေးနှင့်နယ်စပ်ကုန်သွယ်ရေးတိုးတက်စေရေးအတွက် တရုတ် ယွမ်နှင့်ဂျပန်ယန်းတို့ကိုစာရင်းရှင်းငွေကြေးအဖြစ် နိုင်ငံတကာငွေပေးချေရန် ခွင့်ပြုခဲ့ ကြောင်း၊ခွင့်ပြုချက်ရရှိသောဘဏ်များမှအပ အခြားအဖွဲ့အစည်းနှင့်လူပုဂိုလ်တစ်ဦးချင်းများ သည်တရုတ်ယွမ်နှင့်ဂျပန်ယန်းငွေအကောင့်ဖွင့်လှစ်ရန်ခွင့်မပြုသေးကြောင်း ကြေညာ ခဲ့သည်။

   Webradio