• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ဝါရှင်တန်မြို့၌ စတင် ကျင်းပ

(GMT+08:00) 2019-01-31 10:30:39

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၀ရက်နေ့နံနက်ပိုင်းက တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲသစ် ဖွင့်ပွဲ အခမ်းအနားကို အမေရိကန် အိမ်ဖြူတော် Eisenhower အုပ်ချုပ်ရေးရုံးဆောင်၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွားရေး ဆွေးနွေးပွဲ၏ တရုတ်ဦးဆောင်သူ လျူဟို့၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် လိုက်သီဇာ နှင့် ဘဏ္ဍာရေးဝန်ကြီး မနူချင် စသည်တို့သည် ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ယခုအကြိမ်ဆွေးနွေးပွဲကို ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ ဝါရှင်တန်မြို့၌ ကျင်းပကြောင်း သတင်းရရှိပါသည်။

   Webradio