• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၅နှစ်ကြာအစီအစဉ်ကို ထုတ်ပြန်

(GMT+08:00) 2019-01-30 14:15:31

ယမန်နေ့ ၂၉ရက်နေ့က မလေးရှားအစိုးရသည် ၂၀၁၉ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ မလေးရှားသတင်းဌာနမှ သတင်းတွင် ယင်းအစီအစဉ်သည် မလေးရှားနိုင်ငံတွင် ပထမဆုံးအကြိမအဖြစ် ဘက်စုံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

 ယင်းအစီအစဉ်မှတစ်ဆင့် မလေးရှားတွင် ကောင်းမွန်သော အစိုးရစီမံခန့်ခွဲရေးစနစ်နှင့် ရိုးသားသန့်ရှင်းသည့်လူမှုပတ်ဝန်းကျင်ကို ထူထောင်ရန် အုတ်မြစ်ချပြီး မလေးရှားနိုင်ငံတော် လုံခြုံရေးနှင့် စီးပွားရေးတိုးတက်မှု တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း မလေးရှားဝန်ကြီးချုပ် မာဟာသီလ်က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio