• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ မြန်မာပြည်ဘက် လုပ်ငန်းစဉ်များ သဘောတူစာချုပ် ချုပ်ဆို

(GMT+08:00) 2019-01-25 09:33:08

တရုတ်နှင့် မြန်မာ အစိုးရ ကိုယ်စားလှယ်များသည် ယခုလ ၂၃ ရက်နေ့က မြန်မာ နိုင်ငံ နေပြည်တော်၌ လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေ ၂၀၁၈ ခုနှစ် မြန်မာပြည်ဘက် လုပ်ငန်းစဉ်များဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အပါအဝင် လုပ်ငန်းနယ်ပယ်များစွာမှ အသေးစားနှင့် အလတ်စား လုပ်ငန်းစဉ် ၁၉ ခုနှင့် ပတ်သက်ပြီး မြန်မာပြည်ဘက်အား ထောက်ပံ့ကူညီမှု ပေးမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းစာချုပ်အရ၊ တရုတ်နိုင်ငံသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး၊ ငါးမျိုး အချောကိုင်လုပ်ငန်း၊ နိုင်ငံဖြတ်ကျော် တိရစ္ဆာန်နှင့် တိရစ္ဆာန်ဆိုင်ရာ ထွက်ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှု ရောဂါပိုး တိုင်းတာစစ်ဆေးရေး၊ ရာဘာ စိုက်ပျိုးရေး၊ ရေအရည်အသွေး တိုင်းတာ အကဲဖြတ်ရေး၊ အစားအစာ အန္တရာယ် ကင်းရှင်းရေး စသည့် လုပ်ငန်းစဉ် ၁၉ ခုတွင် မြန်မာပြည်အား ထောက်ပံ့ကူညီမှု ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

၂၀၁၆ ခုနှစ် မတ်လက လမ်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပထမ အကြိမ် ထိပ်သီး အစည်းအဝေးကို တရုတ်ပြည် စမ်းယာ့မြို့၌ ကျင်းပခဲ့ရာ လမ်ဆန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးစနစ် တည်ထောင်ခြင်းကို ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လမ်ဆန်- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေ ထားရှိပြီး လာမည့် ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထုတ်ပေး၍ သက်ဆိုင်ရာ နိုင်ငံ ခြောက်နိုင်ငံတို့၏ အသေးစားနှင့် အလတ်စား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ထောက်ခံမည်ဟု ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio