မကြာမီက မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌါနမှ ၂၀၁၈ခုနှစ်မြန်မာခရီးသွားလုပ်ငန်း ဆိုင်ရာနောက်ဆုံးစာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၁၈ခုနှစ်ဧပြီလမှ ဒီဇင်ဘာလအထိ ၈လတာအချိန်ကာလအတွင်း မြန်မာနိုင်ငံတာချီလိတ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတကာခရီးသည်ဦးရေစုစုပေါင်းမှာ ၇သိန်းရှိပြီး ၂၀၁၈ခုနှစ်က မြန်မာတစ်ပြည်လုံးရှိ နိုင်ငံတကာခရီးသည်ဦးရေစုစုပေါင်းပမာဏ၏ ၂၂ရာခိုင်နှုန်းရှိပါကြောင်း၊ မြန်မာနိုင်ငံရွှေတြိဂံဒေသတွင် တည်ရှိသောတာချီလိတ်မြို့သည် ခရီးသွားမြို့နှင့် လယ်ယာစိုက်ပျိုးရေးမြို့အဖြစ် ပြောင်းလဲလာပြီဖြစ်ကြောင်း စီအာအိုင် သတင်းအရသိရပါသည်။