• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပ

(GMT+08:00) 2019-01-19 10:27:09
၂၀၁၉ ခုနှစ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့ကြောင်း၊ ယခုနှစ် အစည်းအဝေး၏ ဆောင်ပုဒ်သည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက် ဆက်ဆံမှုကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ယခုနှစ် အာဆီယံ အစည်းအဝေးများ၏ အလှည့်ကျ သဘာပတိနိုင်ငံ ဖြစ်ကြောင်း၊ ၁၈ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးများသည် ယခုနှစ်အတွင်း အာဆီယံ၏ အဓိက လုပ်ငန်းရပ်များကို ဆွေးနွေးသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio