• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဟိုပေ၊ ထျန်းကျင်း၊ ပေကျင်း၌ လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

(GMT+08:00) 2019-01-19 09:33:21

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ပြည် မြောက်ပိုင်းရှိ ဟိုပေ ပြည်နယ် ရှုံအန်း ဇုန်သစ်၊ ထျန်းကျင်းနှင့် ပေကျင်း မြို့သို့ သွားရောက်ပြီး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ပေကျင်း၊ ထျန်းကျင်းနှင့် ဟိုပေ ပြည်နယ် ညှိနှိုင်း ဖွံ့ဖြိုး တိုးတက်ရေး အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး ဆွေးနွေးပွဲများကိုလည်း ကြီးမှူး ကျင်းပခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ရမည် ဖြစ်ပြီး ဆန်းသစ်တီထွင်မှုများကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပေကျင်း၊ ထျန်းကျင်းနှင့် ဟိုပေ ပြည်နယ် ညှိနှိုင်း ဖွံ့ဖြိုး တိုးတက်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ရှုံအန်း ဇုန်သည် ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်အတွင်း ရှေးဦးစွာ ရောက်ရှိရာ နေရာ ဖြစ်ကြောင်း၊ ယင်းသည် နှစ်နှစ် ပြီးနောက် ရှီကျင့်ဖိန်က ဖွံ့ဖြိုးမှု အတွေးအခေါ်သစ်ဖြင့် ဆောက်လုပ်ရေးကို လုပ်ဆောင်နေသော အထက်ပါ နိုင်ငံတော်အဆင့် အထူး ဖွံ့ဖြိုးရေးဇုန်သို့ နောက်ထပ်တစ်ကြိမ် သွားရောက် လည်ပတ်ကြည့်ရှုခဲ့ခြင်းလည်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio