• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉အာဆီယံကုန်သွယ်မှုအခွင့်အရေးဆွေးနွေးပွဲကို ပေကျင်း၌ ကျင်းပ

(GMT+08:00) 2019-01-18 16:24:34
တရုတ်-အာဆီယံကုန်သွယ်ရေးကောင်စီနှင့် တရုတ်တောင်ပိုင်းလျှပ်စစ်ကွန်ရက် ကုမ္ပဏီလီမိတက်တို့ ပူးတွဲဦးစီးကျင်းပသော ၂၀၁၉ခုနှစ် အာဆီယံကုန်သွယ်မှုအခွင့်အရေး ဆွေးနွေးပွဲကို ယခုလ ၁၇ ရက်နေ့က ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲသည် ၂၀၁၉ခုနှစ် တရုတ်-အာဆီယံ နှစ်သစ်ဆီးကြို၊ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေး လှုပ်ရှားမှုထဲက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးနှင့် တရုတ်-အာဆီယံနှစ်ဖက် လုပ်ငန်းဌာနမှ ပုဂ္ဂိုလ် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ စီးပွားရေးသံမှူးဒေါ်သန္ဒာခိုင်က လွန်ခဲ့သည့်နှစ်များ အတွင်း မြန်မာနိုင်ငံစီးပွားရေးသည် ၇ ရာခိုင်နှုန်းအရှိန်ဖြင့် တိုးတက်ခဲ့ကြောင်း၊ ၂၀၁၇ခုနှစ် တွင် မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရသည် Belt & Road ပူးပေါင်းဆောင်ရွက်မှုစာတမ်းကို လက်မှတ်ရေးထိုးပြီး နှစ်ဖက် စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အလားအလာ ကောင်းမွန်သည်ဟု ပြဆိုကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နှင့် အကြီးဆုံး ရင်းနှီးမြှုပ်နှံရေးနိုင်ငံဖြစ်ပြီဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ အခြေခံအဆောက်အဦး၊ ကုန်ထုတ်လုပ်မှုစွမ်းအား ပူးပေါင်းဆောင် ရွက်မှုနှင့် ခရီးသွားလာရေးစသည့်နယ်ပယ်သည် မြန်မာ-တရုတ်နှစ်နိုင်ငံ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးသော အရေးကြီးနယ်ပယ်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio