• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်ရန် ကြိုးပမ်းနေ

(GMT+08:00) 2019-01-14 10:11:50

ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး  ဝီရာစာက၊ တရုတ်ပြည် အပါအဝင် နိုင်ငံနှင့်ဒေသ ၂၁ ခုမှ ခရီးသည်များအား ရည်ရွယ်သော ဆိုက်ရောက်ဗီဇာခ ကင်းလွတ်ရေး ဆောင်ရွက်မှုကို ယခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ အချိန်တိုးသွားမည်ဟု ထိုင်း ကက်ဘိနက်အဖွဲ့မှ တိုင်ပင်ဆွေးနွေးပြီးနောက် အတည်ပြုခဲ့ပြီ ဖြစ်ကြောင်း မကြာမီက ကြေညာခဲ့ပါသည်။

လွန်ခဲ့သည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထိုင်းနိုင်ငံရောက် ကမ္ဘာလှည့် ခရီးသည်ဦးရေမှာ ၃၄ သန်းကျော် ရှိခဲ့ပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံရောက် တရုတ် ခရီးသည် ဦးရေမှာ ၁၀ သန်းကျော် ရှိပြီး စံချိန်သစ် တင်ခဲ့ပါသည်။ ယင်းအတွက် ထိုင်း ခရီးသွားဌာနသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ၁၀ သန်း မြောက် တရုတ်ခရီးသည်အား ကြိုဆိုပွဲ အခမ်းအနားကို သီးသန့် ပြုလုပ်ပေးခဲ့သည်။ ယင်းသည် ထိုင်းအစိုးရက ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် တရုတ် ခရီးသည်အား ရည်ရွယ်သော ကြိုဆိုပွဲ အခမ်းအနားပင် ဖြစ်သည်။

လွန်ခဲ့သည့်နှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် ထိုင်းနိုင်ငံ လေဆိပ်၌ လုံထိန်း တစ်ဦးက တရုတ် ခရီးသည်အား ပါးရိုက်မှုနှင့် ပူဂျီကျွန်း၌ ရေယာဉ် နစ်မြုပ်မှု ဖြစ်ပွါးခဲ့သည့် နောက်ပိုင်း ထိုင်းနိုင်ငံရောက် တရုတ်ခရီးသည်ဦးရေ များစွာ လျော့နည်းလာသည်။ ထိုင်းနိုင်ငံသည် တရုတ်ခရီးသည်များအား ဦးစားပေး ဆောင်ရွက်မှု အမျိုးမျိုး ကျင့်သုံးပြီး၊ နောက်ဆုံး၌ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရုတ်ခရီးသည် ၁၀ သန်း ဆွဲဆောင်ရန် ရည်မှန်းချက်ကို ဖေါ်ဆောင်နိုင်ခဲ့သည်ဟု သတင်းရရှိပါသည်။ (ကျော့)

   Webradio