• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်ရဲ့ နှစ်သစ် နှစ်ခွန်းဆက်စကားကို နိုင်ငံတကာ မိသားစုကြီး ချီးကျူး

(GMT+08:00) 2019-01-02 09:42:44

နှစ်သစ် ရောက်ခါစ အချိန်မှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၂၀၁၉ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး နိုင်ငံတကာ မိသားစုကြီးမှ ချီးကျူးမှုကို ရရှိခဲ့တယ်လို့ ဆင်ဟွာ သတင်းအရ သိရပါတယ်။

အင်ဒိုနီးရှား တတ်သိပညာရှင်များအဖွဲ့ အာရှ ဆန်းသစ်တီထွင်ရေး သုတေသနဌာန ဥက္ကဋ္ဌ စူယိုနိုက၊ ပြီးခဲ့တဲ့နှစ် တစ်နှစ်အတွင်း တရုတ်နိုင်ငံ ကျေးလက် ဆင်းရဲသား ၁၀ သန်းလောက် ဆင်းရဲမှု ပပျောက်နိုင်ခဲ့ပါတယ်။ အဲဒါဟာ အလွန်တော်တဲ့ အောင်မြင်မှုပဲ ဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့ပါတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ စည်ပင်သာယာစွာ ဖွံ့ဖြိုးတိုးတက်ရေး ရှင်သန်အား အပြည့်ရှိကြောင်း၊ ကျွန်တော်တို့ အားလုံး အိပ်မက် ဖေါ်ဆောင်ဖို့ ကြိုးပမ်းနေသူ ဖြစ်ကြကြောင်း ပြောကြားခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မိသားစုကြီးက တရုတ်ပြည်ရဲ့ စည်ပင်သာယာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးပြီး တရုတ်ပြည်ရဲ့ အိပ်မက် ဖေါ်ဆောင်ဖို့အတွက် အဆက်မပြတ် ချီတက်နေခြင်း အပေါ်လည်း like ပေးကြပါတယ်။ ရုရှား အဆင့်မြင့် စီးပွါးရေး ကောလိပ်ကျောင်း အရှေ့တိုင်းပညာ သုတေသနရုံး ဥက္ကဋ္ဌ မာစ် မာစ်လော့ဖှ်က၊ တရုတ်နိုင်ငံဟာ ကိုယ့်နိုင်ငံရဲ့ ခိုင်ခံ့တဲ့ နိုင်ငံတော် ဖွံ့ဖြိုးရေး အသွင်ပုံစံကို အားကိုးပြီး ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး မူဝါဒ ဆက်တိုက် ဇောက်ချ ဖေါ်ဆောင်ခြင်းကို တွန်းအားပေးနေတယ်လို့ သုံးသပ် ပြောဆိုပါတယ်။

အမေရိကန် တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင်၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး ချစ်ကြည်ရေးဆု ရရှိသူ ရောဘာဒ် ကွင်းက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ နှစ်သစ် နှုတ်ခွန်းဆက်စကားမှာ တရုတ်နဲ့ ကမ္ဘာကြီးရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြတ်သားတဲ့ယုံကြည်စိတ်နဲ့ သာယာတဲ့ မျှော်လင့်ချက်များကို ပြသနေကြောင်း ပြောကြား ပါတယ်။ (ကျော့)

   Webradio