• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပေတို အမှတ်-၃ ဂြိုဟ်တုလမ်းပြစနစ် တစ်ကမ္ဘာလုံးအား ဝန်ဆောင်မှုပေးနေ

(GMT+08:00) 2018-12-29 09:25:22

ဒီလ ၂၇ ရက်နေ့ကစပြီး တရုတ်နိုင်ငံရဲ့ ပေတို အမှတ်-၃ ဂြိုလ်တုလမ်းပြ စနစ်ဟာ တစ်ကမ္ဘာလုံးအား ဝန်ဆောင်မှု ပေးနေပါပြီ။ အဲဒါဟာ အမေရိကန်ရဲ့GPS၊ ရုရှားရဲ့GLONASS၊ ဥရောပသမဂ္ဂရဲ့Galileo ပြီးနောက် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဂြိုဟ်တု လမ်းပြစနစ် ဖြစ်တဲ့အပြင်၊ တရုတ်နိုင်ငံက ကမ္ဘာကြီးအား နောက်ထပ်တစ်ကြိမ် အကျိုးပြု စွမ်းဆောင်မှုလည်း ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်က တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး ပေတို စမ်းသပ် ဂြိုဟ်တုကို လွှတ်တင် ခဲ့ပြီးနောက် ၁၈ နှစ်အတွင်း တရုတ်နိုင်ငံဟာ စမ်းသပ်ဂြိုဟ်တု ၄ စင်း၊ ပေတို အမှတ်-၁၊ ပေတို အမှတ်-၂၊ ပေတို အမှတ်-၃ အပါအဝင် လမ်းပြဂြိုဟ်တု သုံးဆက် အပါအဝင် ဂြိုဟ်တု စုစုပေါင်း ၄၃ စင်းကို ရှေ့ဆင့်နောက်ဆင့် လွှတ်တင်ခဲ့ပါတယ်။ တရုတ်ပြည်၊ အာရှ ပစိဖိတ်ဒေသ၊ Belt and Road တစ်လျှောက်အပါအဝင် တစ်ကမ္ဘာလုံးမှာ လမ်းပြ အချက်အလက်များ လွှမ်းမိုးမှုကို ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။

ယနေ့မှာ ပေတို ဂြိုဟ်တုလမ်းပြစနစ်ကို ပထဝီ တိုင်းတာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး၊ ပင်လယ် ရေကြောင်းပို့ဆောင်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ သစ်တောလုပ်ငန်း၊ ရေလုပ်ငန်း၊ နိုင်ငံတော်နယ်မြေ တိုင်းတာချမှတ်ရေး၊ စူးစမ်းရေးနဲ့ အများပြည်သူ့အကျိုးဆောင်လုပ်ငန်း စတဲ့နယ်ပယ်များမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေပြီ။

၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံဟာ ပေတို အမှတ်-၃ ဂြိုဟ်တု ၁၁ စင်းနဲ့ ပေတို အမှတ်-၂ ဂြိုဟ်တု ၁ စင်းကို ဆက်လက် လွှတ်တင်မှာ ဖြစ်ပြီး ၂၀၃၅ ခုနှစ် ရောက်တဲ့ အခါ၊ ပေတိုစနစ်ကို အမြုတေအဖြစ် ထားတဲ့ ကဏ္ဍစုံလင်ကျယ်ပြန့်တဲ့ အထွေထွေ လမ်ပြ စနစ်ကို ပြီးမြောက်အောင် တည်ထောင်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ကမ္ဘာကြီးအား ပိုမို တိကျ မှန်ကန်ပြီး ပိုမို ချောမွေ့အဆင်ပြေတဲ့ ဝန်ဆောင်မှုများကို ပေးနိုင်မှာ ဖြစ်ပါတယ်။(ကျော့)

   Webradio