• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဟာ မူပိုင်ခွင့် ကျူးကျော်ထိပါးသူများအား တင်းတင်းကျပ်ကျပ် အရေးယူမယ်

(GMT+08:00) 2018-12-28 09:53:06

အခုလောလောဆယ်မှာ တရုတ် ဥပဒေပြုရေးဌာနဟာ မူပိုင်ခွင့်ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို စိစစ်နေပြီး၊ မူပိုင်ခွင့် ကျူးကျော်ထိပါးပါက ပိုမို တင်းကျပ်တဲ့ ပြစ်ဒဏ်ပေးတဲ့ သဘောဖြစ်တဲ့ ဒဏ်ငွေ လျော်ကြေး ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီထဲမှာ "ပြစ်ဒဏ်ပေးတဲ့ သဘောဖြစ်တဲ့ ဒဏ်ငွေ လျော်ကြေး ပေးဆောင်ရေး" စနစ်ဟာ အများတကာ အာရုံစူးစိုက်ရာ ဖြစ်နေပါတယ်။ တရုတ်ပြည် လက်ရှိအချိန်မှာ ကျင့်သုံးနေတဲ့စနစ်ဟာ နစ်နာဆုံးရှုံးမှုကို ရည်စူးပြီး လျော်ကြေးပေးရေးစနစ် ဖြစ်ပါတယ်။ ဒါပေမယ့် ပညာမူပိုင်ခွင့်ဥပဒေ နယ်ပယ်မှာ အခြေအနေသစ်နဲ့ ပြဿနာသစ်တွေ အဆက်မပြတ် ပေါ်ထွက်လာနေတာကြောင့် အထက်ပါ နစ်နာဆုံးရှုံးမှုကို လျှော်ပေးတဲ့ စနစ်ဟာ မူပိုင်ခွင့်ကို မကောင်းတဲ့ရည်မှန်းချက်နဲ့ တမင် ကျူးကျော်ထိပါးမှုနဲ့ ထပ်ခါတလဲလဲ ကျူးကျော်ထိပါးမှုများကို တားမြစ်နိုင်မှာ မဟုတ်တော့ဘူး။

ဒီနှစ်အတွင်း တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ ပညာ မူပိုင်ခွင့် စုံစမ်းစစ်ဆေးရေး အရည်အချင်းနဲ့ အလုပ်တွင်ကျယ်မှုကို တိုးမြှင့်ရမှာ ဖြစ်ပြီး "ပြစ်ဒဏ်ပေးတဲ့ သဘောဖြစ်တဲ့ ဒဏ်ငွေ လျော်ကြေး ပေးဆောင်ရေး" စနစ်ကို ကျင့်သုံးရမှာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောကြားခဲ့တယ်။ အခု စိစစ်နေဆဲ မူပိုင်ခွင့်ဥပဒေ ပြင်ဆင်ရေး မူကြမ်းထဲမှာ၊ မူပိုင်ခွင့်ကို တမင် ကျူးကျော် ထိပါးပြီး ကျူးကျော်ထိပါးမှု အခြေအနေ ပြင်းထန်ဆိုးရွားပါက၊ ကျူးကျော်ထိပါးခံရသူရဲ့ နစ်နာဆုံးရှုံးမှုနဲ့ ကျူးကျော်ထိပါးသူ ရရှိတဲ့ အကျိုးအမြတ်အရ၊ ဒါမှမဟုတ်ရင် မူပိုင်ခွင့် အသုံးပြုခရဲ့ တစ်ဆမှ ငါးဆအထိ လျှော်ကြေးပမာဏကို သတ်မှတ်ရကြောင်း၊ လျော်ကြေး ပမာဏကို ရေတွက်ဖို့ ခက်ပြီး တရားရုံးက အခြေအနေအရ ချမှတ်နိုင်တဲ့ အခြေအနေမှာ၊ လျော်ကြေး ပမာဏကို အရင်တုန်းက သတ်မှတ်တဲ့ ယွမ် ၁ သောင်းမှ ၁ သန်းအထိ ဖြစ်ရာကနေ ၁ သိန်းမှ ၅ သန်း အထိ တိုးမြှင့်ရကြောင်း သတ်မှတ်ထားပါတယ်။ အဲဒီ"ပြစ်ဒဏ်ပေးတဲ့ သဘောဖြစ်တဲ့ ဒဏ်ငွေ လျော်ကြေး ပေးဆောင်ရေး" စနစ် ကျင့်သုံးပြီးနောက် မူပိုင်ခွင့်ဆိုင်ရာ ပြစ်မှု ကျူးလွန်ပါက ပြင်းပြင်းထန်ထန် နစ်နာဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အဲဒါဟာ မူပိုင်ခွင့် ကျူးကျော်ထိပါးသူများအား တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် အရေးယူနိုင်မှာ ဖြစ်ပြီး လူမှုရေး တရားမျှတမှုများကို ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ (ကျော့)

   Webradio