• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန်များ လျင်မြန်စွာ ဖွံ့ဖြိုးလာ

(GMT+08:00) 2018-12-27 08:46:27

၂၀၁၈ ခုနှစ်သည် တရုတ် အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန်များ တည်ထောင်ခဲ့သည့် ၃၀ ပြည့်မြောက်နှစ် ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း နိုင်ငံတော် အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန်များသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး၊ တရုတ်ပြည် သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်မှု နယ်ပယ်၌ ရှင်သန်မှု အရှိဆုံး၊ သိပံ္ပနည်းပညာ ငွေရင်းမြှုပ်နှံမှု အများဆုံး၊ သိပံ္ပနည်းပညာ အောင်ကျိုးရလဒ်နှင့် မူပိုင်ခွင့် အများဆုံး၊ ကုန်ပစ္စည်းသစ်နှင့် နည်းပညာသစ်များ ဆန်းသစ် ထုတ်လုပ်မှု ပမာဏလည်း အများဆုံးသော လုပ်ငန်းနယ်ပယ်များ ဖြစ်လာပါပြီ။

အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန်များ တည်ဆောက်ခြင်းသည် တရုတ်အစိုးရက တံခါးဖွင့်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆိုရှယ်လစ် ခေတ်မီရေးကို တွန်းအားပေးရန်နှင့် စီးပွါးရေးစနစ်နှင့် သိပံ္ပနည်းပညာ စနစ်များ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးရန်အတွက် ဆောင်ရွက်သည့် အရေးကြီး မဟာဗျူဟာ စီမံချထားမှုပင် ဖြစ်ပါသည်။ ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ကျင်းပသော အစည်းအဝေး တစ်ရပ်၌၊ အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန်များ တည်ထောင်သည့် နှစ် ၃၀ အတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ် သိပံ္ပနည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဝမ်ကြည့်ကမ်းက၊ ယခုအချိန်အထိ တရုတ် နိုင်ငံတော်ကောင်စီမှ အတည်ပြုချက်ဖြင့် တည်ဆောက်သော နိုင်ငံတော်အဆင့် အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန် ပမာဏမှာ ၁၆၈ ခု ရှိပြီ ဖြစ်ပြီး စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးအသွင်ပုံစံ ပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီး အကျိုးပြု စွမ်းဆောင်ပေးနေခဲ့ကြောင်း၊ နိုင်ငံတော် အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဇုန်များ၏ ဂျီဒီပီ ပမာဏမှာ ၂၀၀၁ ခုနှစ်က တစ်ပြည်လုံး ဂျီဒီပီ စုစုပေါင်း ပမာဏ၏ ၂့ ၆ ရာခိုင်နှုန်းသာ ရှိရာမှနေ ၂၀၁၇ ခုနှစ်က ၁၁့ ၅ ရာခိုင်နှုန်း အထိ တိုးလာခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။(ကျော့)

   Webradio