• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမ အကြိမ် တရုတ် စက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲ ကျင်းပ

(GMT+08:00) 2018-12-10 10:09:36

ပဉ္စမ အကြိမ် တရုတ် စက်မှုလုပ်ငန်း ဆုချီးမြှင့်ပွဲကို ယခုလ ၉ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ရာ၊ "ဟွာလုံ အမှတ်-၁" နှင့် "ဖူရှင့်" မြန်နှုန်းမြှင့်ရထား အပါအဝင် လုပ်ငန်းကုမ္ပဏီ ၁၂ ခုနှင့် လုပ်ငန်းစဉ် ၁၁ ခု တို့သည် ဆုရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းသည် တရုတ်ပြည် စက်မှုလုပ်ငန်း နယ်ပယ်၌ အမြင့်ဆုံးသောဆု ဖြစ်ပြီး၊ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အထွေထွေအင်အား တိုးမြှင့်ရေး၊ အမျိုးသား စီးပွါးရေး တိုးမြှင့်ရေးအတွက် အရေးကြီးစွာ အကျိုးပြု စွမ်းဆောင်ပေးသော စက်မှုလုပ်ငန်းများနှင့် လုပ်ငန်းစဉ်များကို ချီးမြှင့်ရန် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ် နျူကလီးယား လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီသည် တရုတ်ပြည်၏ တတိယ ဆက်ခံသော နျူကလီးယား လျှပ်စစ်ဓါတ်အားပေး စက်အုပ်စု "ဟွာလုံ အမှတ်-၁"ကို သုတေသနပြု ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ကမ္ဘာ့ရှေ့ပြေး နျူကလီးယား လျှပ်စစ်ဓါတ်အားပေး နိုင်ငံများ အမည်စာရင်းသို့ ဝင်လာစေခဲ့ကြောင်း၊ "ဖူရှင့်" မြန်နှုန်းမြှင့်ရထား နည်းပညာသည်လည်း တရုတ်ပြည်၏ ခေတ်မီ ရထားလမ်း နည်းပညာကို အဆင့်မြှင့်တင်လာစေနိုင်ခဲ့ကြောင်း သိရပါသည်။

   Webradio