• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် တရုတ် သွင်းကုန်ပို့ကုန် စုစုပေါင်း တန်ဖိုးသည် ယမန်နှစ်ထက် ပိုများ

(GMT+08:00) 2018-12-07 12:59:28

ယခုနှစ်တွင် တရုတ် သွင်းကုန်ပို့ကုန် ပမာဏသည် လျင်မြန်စွာ တိုးပွားလာကြောင်း၊ နိုဝင်ဘာလ ဒုတိယ ဆယ်ရက်ပိုင်း အထိပင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း တန်ဖိုးသည် ယမန်နှစ် တစ်နှစ်ပတ်လုံးထက် ပိုများကြောင်း စီအာအိုင် သတင်းအရ သိရသည်။

လာမည့် ၂၀၁၉ခုနှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး အခြေအနေနှင့် ပတ်သက်၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကောဖုန်းက တရုတ် နိုင်ငံခြား ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုသည် အားကောင်းသော ကျားကန်ပေးမှု ရှိမြဲရှိနေကြောင်း၊ တရုတ်ပြည်သည် နိုင်ငံခြား ကုန်သွယ်မှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန်  အတွက် ပိုမိုများပြားသော ဆောင်ရွက်ချက်များကို ကျင့်သုံးမည် ဖြစ်ကြောင်း ယခုလ ၆ရက်နေ့က ပီကင်းတွင် ပြောကြားသည်။

ထို့အပြင်၊ ၄င်းက တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး ဈေးကွက် ကဏ္ဍစုံ ဖြစ်ရေး ခြေလှမ်းသည် အရှိန်မြင့်လာကြောင်းလည်း ပြောကြားသည်။

   Webradio