• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာမိသားစုကြီးသည် အကြမ်းဖက်မှု တိုက်ဖျက်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ကုလဆိုင်ရာ တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00) 2018-12-06 16:26:17

        ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယကိုယ်စားလှယ် ဝူဟိုင်ထောင်က နိုင်ငံတကာ မိသားစုကြီးအနေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ယခုလ ၄ ရက်နေ့က ပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုနေ့က လုံခြုံရေးကောင်စီ၌ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ တင်ပြခဲ့သော အစွန်းရောက် အိုင်အက်စ် အဖွဲ့၏ အီရတ်နိုင်ငံ၌ ပြစ်မှုကျူးလွန်မှုများဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို စိစစ်ခဲ့ရာ ဝူဟိုင်ထောင်က မျက်မှောက်အချိန်တွင် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်း အခြေအနေ ပြင်းထန်နေသေးကြောင်း၊ အကြမ်းဖက်သမားများသည် ပိုမိုများပြားသော နည်းလမ်းများဖြင့် အကြမ်းဖက်မှုလုပ်ငန်းကို ဆောင်ရွက်ပြီး အကြမ်းဖက်ဝါဒများကို ဖြန့်ချိနေကြောင်း၊ နိုင်ငံတကာမိသားစုကြီးသည် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ပြီး ညီညွတ် တိကျစွာ ဆောင်ရွက်ကာ အကြမ်းဖက်မှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio