• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်္ကာပူ၏ လေကြောင်း၊ပင်လယ်ရေကြောင်းပိုင်နက်အတွင်းကို မလေးရှားသင်္ဘော ဝင်ရောက်ခြင်းကို စင်္ကာပူ ပြစ်တင်ရှုတ်ချ

(GMT+08:00) 2018-12-06 12:56:06

မလေးရှားဝန်ကြီးချုပ် မဟာသီယာက ယမန်နေ့ ၅ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံခဲ့ရာ မလေးရှားသင်္ဘောများ စင်္ကာပူပင်လယ်ရေပိုင်နက်အတွင်း ဝင်ရောက်စွက်ဖက်ခြင်း ရှိ မရှိကို သိရှိရန်အတွက် မလေးရှားအစိုးရက မလေးရှားနှင့် စင်္ကာပူ ပင်လယ်ရပ်ဝန်းပိုင်နက်လမ်းကြောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ပြီးခဲ့သည့် သီတင်းပတ် ၂ ပတ်အတွင်းတွင် မလေးရှားအဏ္ဏဝါရေးရာဌာနမှ သင်္ဘောများသည် စင်္ကာပူပင်လယ်ရေပိုင်နက်အတွင်း ကြိမ်ဖန်များစွာ ဝင်ရောက်ခဲ့ကြောင်း၊ ယခုလ ၄ ရက်နေ့က စင်္ကာပူအစိုးရက ပြစ်တင်ရှုတ်ချခဲ့သည့်အပြင် ကန့်ကွက်ကြောင်းလည်း ဖော်ပြခဲ့ပါသည်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာက အင်တာဗျူးကို လက်ခံရာတွင် မလေးရှားသင်္ဘောများသည် ပင်လယ်နယ်နိမိတ် စည်းကျော်ခြင်းမရှိကြောင်း ယူဆသည်ဟု ပြောဆိုပါသည်။

   Webradio