• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖြေဆို

(GMT+08:00) 2018-12-05 11:02:45

        ယခုလ ၅ ရက်နေ့က တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး မေးမြန်းချက်များ ဖြေဆိုခဲ့ရာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့၏ တွေ့ဆုံပွဲသည် အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ အောင်ကျိုးရလဒ်များကို အကောင်အထည်ဖော်ဆောင်ရန် ယုံကြည်စိတ်ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက နှစ်ဖက် စီးပွားကုန်သွယ်ရေးအဖွဲ့တို့သည် လာမည့် ရက် ၉၀အတွင်းတွင် သတ်မှတ်ထားသော အချိန်ဇယားနှင့် လမ်းစဉ်အတိုင်း တက်ကြွစွာ ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် ရရှိပြီးသား သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရေးကစပြီး အတတ်နိုင်ဆုံး လျင်မြန်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio